အောက်တိုဘာလ (၁)ရက်နေ့ ညပိုင်း သတင်းအစီအစဉ် (ည ၈ နာရီ တိုက်ရိုက်ထုတ်လွှင့်မှု)■ မူးယစ်ဆေးဝါးပြဿနာကို နိုင်ငံတော်အဆင့် အလေးထား ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်ကြောင်း နိ

  • 6 years ago
အောက်တိုဘာလ (၁)ရက်နေ့ ညပိုင်း သတင်းအစီအစဉ် (ည ၈ နာရီ တိုက်ရိုက်ထုတ်လွှင့်မှု)

■ မူးယစ်ဆေးဝါးပြဿနာကို နိုင်ငံတော်အဆင့် အလေးထား ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်ကြောင်း နိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေ ပြောကြား

■ ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံကြောင်း လူထုလမ်းလျှောက်ပွဲ ရန်ကုန်မြို့တွင်ပြုလုပ်

■ ထိုင်းနိုင်ငံက ရခိုင်အရေးကို အသေအချာ စောင့်ကြည့်နေကြောင်းနှင့် မြန်မာအစိုးရနှင့် ဘင်္ဂလားဒေ့ရှ် အစိုးရကို ထောက်ပံ့ ကူညီမှုများ ပေးသွားမည်ဟုဆို

■ ဟိန္ဒူဘာသာဝင်များ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရသည့်ကိစ္စ နိုင်ငံတကာ သတင်းဌာနများကို အမှန်အတိုင်း ရဲရဲဝံ့ဝံ့ဖြေကြားကြရန် ဟိန္ဒူဘာသာဝင်များကို မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေး ဗဟိုအဖွဲ့ချုပ် တိုက်တွန်း

■ မောင်တောမြို့ပေါ် ကယ်ဆယ်ရေးစခန်းတွင် ခိုလှုံနေသည့် မောင်တောမြောက်ပိုင်းကျေးရွာအချို့မှ ဒေသခံ ခြောက်ဆယ်ကျော် နေရပ်ပြန်

■ ၂၀၁၇ ခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီး၌ မူးယစ်ဆေးဝါး အမှုပေါင်း ၈၂၄ မူ နှင့် တရားခံ ၁၂၃၆ ဦး ဖမ်းဆီးရမိခဲ့ပြီး ယမန်နှစ် ကာလတူထက် မြင့်တက်ခဲ့

■ ကတ်တလန်ဒေသ လွတ်လပ်ရေးရယူရန် ဆန္ဒခံယူပွဲ ကျင်းပခဲ့ပြီး ဒေသဆိုင်ရာ ရဲတပ်ဖွဲ့က မတားဆီးခဲ့ခြင်းကို စပိန်အစိုးရ ဝေဖန်ပြစ်တင်

■ လူပေါင်း(၅၀၀)ကျော် လိုက်ပါလာသော ပြင်သစ်လေကြောင်းလိုင်းမှ လေယာဉ်တစ်စီး အင်ဂျင်စက် ချို့ယွင်းမှုကြောင့် အရေးပေါ် ဆင်းသက်ခဲ့ရ

■ ဖိလစ်ပိုင်သမ္မတဒူတာတေးက ၄င်း၏ ပိုင်ဆိုင်မှုအား စစ်ဆေးမည့် အဂတိတိုက်ဖျက်ရေးဆိုင်ရာ စစ်ဆေးရေးအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်သွားမည် မဟုတ်ဟု ပြောကြား

■ တူရကီ၏ အကြီးဆုံး ပြည်ပစစ်သင်တန်းကျောင်းတစ်ခုကို ဆိုမာလီယာနိုင်ငံတွင် ဖွင့်လှစ်ပေးခဲ့

■ အမေရိကန်က မြောက်ကိုရီးယားနှင့် ဆွေးနွေးရန် တိုက်ရိုက်ဆက်သွယ်ခဲ့သော်လည်း မြောက်ကိုးရီးယားဘက်က စိတ်ဝင်စားမှု မရှိကြောင်း ပြသ

■ ပြင်သစ်နိုင်ငံရှိ ဘောလုံးကွင်းတစ်ခုတွင် အကာအရံ လက်ရန်းပြိုကျခဲ့သဖြင့် ၂၉ ဦး ဒဏ်ရာရ

Recommended