အောက်တိုဘာလ (၁) ရက်နေ့ နံနက်ပိုင်း သတင်းအစီအစဉ် (နံနက် ၇ နာရီခွဲ တိုက်ရိုက်ထုတ်လွှင့်မှု)■ ဘင်္ဂါလီများသည် ကျူးကျော်သူများသာဖြစ်ပြီး ဒုက္ခသည်များ မဟုတ်ကြောင်း အိန္ဒ

  • 6 years ago
အောက်တိုဘာလ (၁) ရက်နေ့ နံနက်ပိုင်း သတင်းအစီအစဉ် (နံနက် ၇ နာရီခွဲ တိုက်ရိုက်ထုတ်လွှင့်မှု)

■ ဘင်္ဂါလီများသည် ကျူးကျော်သူများသာဖြစ်ပြီး ဒုက္ခသည်များ မဟုတ်ကြောင်း အိန္ဒိယနိုင်ငံ ဥတ္တာပရာဒေ့ရှ်ပြည်နယ် ၀န်ကြီးချုပ် ပြောကြား

■ ရန်ကုန်တိုင်းဒေသကြီးအတွင်း သိမ်းဆည်းခံလယ်မြေများ ပြန်လည်စိစစ်ရေးလုပ်ငန်း အရှိန်မြှင့်ဆောင်ရွက်ရန် လိုအပ်နေဟု လွှတ်တော်ကိုယ်စားလှယ်များ ပြောကြား

■ ကျောက်ကြီးဆေးရုံတွင် ဆေးရုံတက်ကုသရာမှ လသားအရွယ်ကလေး လက်ဖြတ်ခဲ့ရသည်ဟုဆိုကာ မိခင်ဖြစ်သူက သက်ဆိုင်ရာများထံသို့ တိုင်ကြားသွားမည်ဟုဆို

■ သုံးလကျော်အတွင်း ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့မှ နေရပ်သို့ပြန်လာသည့် မြန်မာလုပ်သား ၄၂၀၀၀ ကျော်ရှိလာပြီဖြစ်ကြောင်း သိရ

■ အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက် ဆန့်ကျင်ရေးနှင့် ပြည်ပမှ ၀င်ရောက်စွက်ဖက်မှုကို ရှုတ်ချကြောင်း မြစ်ကြီးနားမြို့တွင် ဆန္ဒဖော်ထုတ်

■ ပြည်ပနိုင်ငံများမှ သနပ်ခါးအလှကုန်များ ၀င်ရောက်လာခြင်းကြောင့် ပြည်တွင်းသနပ်ခါး ပြီးခဲ့သည့်နှစ်ကထက် ၅၀ ရာခိုင်နှုန်း ရောင်းအားကျဆင်း

■ အိမ်ရှေ့မင်းထန်းတောရှိ သမိုင်းဝင်မှတ်တမ်း ကျောက်စာတိုင်များကို ပြန်လည်တူးဖော် ထိန်းသိမ်းမှုများပြုလုပ်၍ အမျိုးသားယဉ်ကျေးမှု အမွေအနှစ်အဖြစ် လုပ်ဆောင်သွားမည်

■ အမှတ် (၄၁) YBS ယာဉ်တစ်စီး လမ်းဘေးသစ်ပင် ၀င်တိုက်မိကာ ခရီးသည် ၁၃ ဦး ဒဏ်ရာရရှိ

■ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် လာမည့် နိုဝင်ဘာလတွင် အာရှ-ပစိဖိတ်ဒေသသို့ ခရီးရက်ရှည် လာရောက်မည်

■ စနေနေ့ည ပရီးမီးယားလိဂ်ပွဲစဉ်များတွင် စပါးနှင့် မန်ချက်စတာယူနိုက်တက်တို့ ဂိုးပြတ်နိုင်ပွဲရပြီး အမှတ်ပေးဇယားထိပ်က မန်စီးတီးက ချယ်ဆီးကို အနိုင်ယူနိုင်ခဲ့

Recommended