ၾကားျဖတ္အတြက္ အမတ္ေလာင္းစာရင္း ဇူလိုင္ ၂ရက္မွာ တင္သြင္းႏိုင္ၿပီေမ - ၂၆ ၊၂၀၁၈ လာမယ့္ ႏိုဝင္ဘာလ ၃ ရက္မွာ က်င္းပမယ့္ၾကားျဖတ္ေရြးေကာက္ပြဲအတြက္ လႊတ္ေတာ္ကိုယ္စားလ

  • 6 years ago
ၾကားျဖတ္အတြက္ အမတ္ေလာင္းစာရင္း ဇူလိုင္ ၂ရက္မွာ တင္သြင္းႏိုင္ၿပီ

ေမ - ၂၆ ၊၂၀၁၈

လာမယ့္ ႏိုဝင္ဘာလ ၃ ရက္မွာ က်င္းပမယ့္ၾကားျဖတ္ေရြးေကာက္ပြဲအတြက္ လႊတ္ေတာ္ကိုယ္စားလွယ္ ေလာင္း အမည္စာရင္းကို ဇူလိုင္က ၂ ရက္က စၿပီး ဆယ္ရက္အတြင္း တင္သြင္းႏိုင္တယ္လို႕ ျပည္ေထာင္စု ေရြးေကာက္ပြဲေကာ္မရွင္က ေၾကညာလုိက္ပါတယ္။

တင္သြင္းလာတဲ့ ကိုယ္စားလွယ္ေလာင္းအမည္စာရင္းေတြကိုေတာ့ ဇူလိုင္လ ၁၆ ရက္ကေန ၂၂ ရက္ အထိ စိစစ္မယ္လို႕ဆိုထားပါတယ္။

အခုက်င္းပမယ့္ၾကားျဖတ္ေရြးေကာက္ပြဲဟာ လစ္လပ္မဲဆႏၵနယ္ ၁၃ ေနရာအတြက္ က်င္းပေပးမွာပါ။

လစ္လပ္မဲဆႏၵနယ္ေတြမွာေတာ့ ျပည္သူ႕လႊတ္ေတာ္ေလးေနရာ ၊ အမ်ိဳးသားလႊတ္ေတာ္တစ္ေနရာ နဲ႕ တိုင္းေဒသႀကီးနဲ႕ ျပည္နယ္လႊတ္ေတာ္ ရွစ္ေနရာပါဝင္ေနပါတယ္။

အာဏာရပါတီအမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ကေတာ့ ေနရာအျပည္႕ ဝင္ၿပိဳင္ဖို႕ရိွေနေပမယ့္ ျပည္ခိုင္ၿဖိဳးက ေတာ့ ဝင္ၿပိဳင္ဖို႕ မဆုံးျဖတ္ရေသးလို႕ ေျပာထားပါတယ္။

အခုတစ္ႀကိမ္က်င္းပမယ့္ၾကားျဖတ္ေရြးေကာက္ပြဲကေတာ့ အမ်ိဳးသားဒီမုိကေရစီအဖြဲ႕ခ်ဳပ္ အစိုးရလက္ ထက္ မွာ ဒုတိယအႀကိမ္ က်င္းပတဲ့ေရြးေကာက္ပြဲလည္းျဖစ္ပါတယ္။

#ေရြးေကာက္ပြဲ #ကိုယ္စားလွယ္ေလာင္း #ေကာ္မရွင္ #7DAY TV #Local News

(7Day News ဂ်ာနယ္ႏွင့္ 7Day Daily သတင္းစာရဲ့ ႐ုပ္သံတင္ဆက္မႈေတြကို 7Day TV ေဖ့စ္ဘြတ္စာမ်က္မွာ ဝင္ေရာက္ ၾကည့္ရႈနိုင္မွာျဖစ္ပါတယ္။)

(Unicode)

ကြားဖြတ်အတွက် အမတ်လောင်းစာရင်း ဇူလိုင် ၂ရက်မှာ တင်သွင်းနိုင်ပြီ

မေ - ၂၆ ၊၂၀၁၈

လာမယ့် နိုဝင်ဘာလ ၃ ရက်မှာ ကျင်းပမယ့်ကြားဖြတ်ရွေးကောက်ပွဲအတွက် လွှတ်တော်ကိုယ်စားလှယ် လောင်း အမည်စာရင်းကို ဇူလိုင်က ၂ ရက်က စပြီး ဆယ်ရက်အတွင်း တင်သွင်းနိုင်တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြေညာလိုက်ပါတယ်။

တင်သွင်းလာတဲ့ ကိုယ်စားလှယ်လောင်းအမည်စာရင်းတွေကိုတော့ ဇူလိုင်လ ၁၆ ရက်ကနေ ၂၂ ရက် အထိ စိစစ်မယ်လို့ဆိုထားပါတယ်။

အခုကျင်းပမယ့်ကြားဖြတ်ရွေးကောက်ပွဲဟာ လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာအတွက် ကျင်းပပေးမှာပါ။

လစ်လပ်မဲဆန္ဒနယ်တွေမှာတော့ ပြည်သူ့လွှတ်တော်လေးနေရာ ၊ အမျိုးသားလွှတ်တော်တစ်နေရာ နဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် ရှစ်နေရာပါဝင်နေပါတယ်။

အာဏာရပါတီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ နေရာအပြည့် ဝင်ပြိုင်ဖို့ရှိနေပေမယ့် ပြည်ခိုင်ဖြိုးက တော့ ဝင်ပြိုင်ဖို့ မဆုံးဖြတ်ရသေးလို့ ပြောထားပါတယ်။

အခုတစ်ကြိမ်ကျင်းပမယ့်ကြားဖြတ်ရွေးကောက်ပွဲကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက် ထက် မှာ ဒုတိယအကြိမ် ကျင်းပတဲ့ရွေးကောက်ပွဲလည်းဖြစ်ပါတယ်။

#ရွေးကောက်ပွဲ #ကိုယ်စားလှယ်လောင်း #ကော်မရှင် #7DAY TV #Local News

(7Day News ဂျာနယ်နှင့် 7Day Daily သတင်းစာရဲ့ ရုပ်သံတင်ဆက်မှုတွေကို 7Day TV ဖေ့စ်ဘွတ်စာမျက်မှာ ဝင်ရောက် ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။)

Recommended