မယ်ဆိုင်လှိုဏ်ဂူရှေ့မှာ ထားမယ့် သမိုင်းဝင် The Heroes ပန်းချီကားဧရာဝတီ၊ ဇူလိုင် ၂၆၊ ၂၀၁၈ထိုင်းအစိုးရကတော့ မယ်ဆိုင်လှိုဏ်ဂူကို နိုင်ငံတကာ ခရီးသွားတွေ လည်ပတ်နိ

  • 6 years ago
မယ်ဆိုင်လှိုဏ်ဂူရှေ့မှာ ထားမယ့် သမိုင်းဝင် The Heroes ပန်းချီကား

ဧရာဝတီ၊ ဇူလိုင် ၂၆၊ ၂၀၁၈

ထိုင်းအစိုးရကတော့ မယ်ဆိုင်လှိုဏ်ဂူကို နိုင်ငံတကာ ခရီးသွားတွေ လည်ပတ်နိုင်အောင် ပြင်ဆင်နေပါတယ်။ ဒီအထဲမှာ တောဝက် အသင်းသား ၁၂ ဦးနဲ့ လက်ထောက်နည်းပြတို့ကို ကယ်ဆယ်ရေးမှာ ပါဝင်တဲ့သူတွေကို ဂုဏ်ပြုတဲ့အနေနဲ့ သမိုင်းဝင် ပန်းချီကားတချပ် ရေးဆွဲနေပါတယ်။

ဒီပန်းချီကားကြီးထဲမှာ တောဝက်အသင်းသားတွေ အသက်ရှင်လျှက် လွတ်မြောက်လာလိမ့်မယ်လို့ ကြိုတင် မိန့်ကြားခဲ့ပြီး လွတ်မြောက်ရေး အတွက် မေတ္တာပို့ ဆုတောင်းမှုတွေ ပြုလုပ်ပေးခဲ့တဲ့ မြန်မာနိုင်ငံက မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တ ဉာဏသံဝရ ပုံလည်း ပါဝင်ပါတယ်။

ဒီပန်းချီကားကြီး ပြီးရင် ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင်မြို့က ထမ့်လုံလှိုဏ်ဂူမှာထားရှိမှာဖြစ်ပြီး လောလောဆယ်တော့ ချင်းရိုင်မြို့ ပေါ်မှာ ပန်းချီဆရာ အယောက် ၃၀၀ နဲ့ရေးဆွဲနေတာဖြစ်ပါတယ်။

ရိုက်ကူး၊ တည်းဖြတ် -အောင်မိုးမြင့်

Recommended