မော်လမြိုင်-ရန်ကုန်ရထားလမ်းပိုင်း လာမယ့် ၁၆ ရက် နေ့မှာ ပြန်ဖွင့်မယ် ရေကြီးရေလျှံမှုကြောင့် ယာယီပိတ်ထားခဲ့ရတဲ့ မော်လမြိုင် ရန်ကုန် မီးရထားလမ်းပိုင်းကို လာမယ့်

  • 6 years ago
မော်လမြိုင်-ရန်ကုန်ရထားလမ်းပိုင်း လာမယ့် ၁၆ ရက် နေ့မှာ ပြန်ဖွင့်မယ်

ရေကြီးရေလျှံမှုကြောင့် ယာယီပိတ်ထားခဲ့ရတဲ့ မော်လမြိုင် ရန်ကုန် မီးရထားလမ်းပိုင်းကို လာမယ့် သြဂုတ် ၁၆ ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်တော့မှာဖြစ်ပါတယ်။

မော်လမြိုင် ရန်ကုန် ရထားလမ်းပြီးဟာ ပြီးခဲ့တဲ့လက ရေကြီးရေလျှံမှုဖြစ်ပွားတာကြောင့် နှင်းပုလဲဘူတာနဲ့ ဒုံဝန်ဘူတားကြားက ရထားလမ်းတာပေါင်ရေတိုက်စားခံရပြီး တံတားတစ်ခုရဲ့ ရေလည်တိုင်လည်း ပျက်စီးသွားခဲ့တာဖြစ်ပါတယ်။

လက်ရှိအချိန်ထိ ရန်ကုန် မော်လမြိုင် ရထားခရီးစဉ်ကို ဘီးလင်းမြို့နယ် နှင်းပုလဲဘူတာအထိသာ ပြေးဆွဲနေရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၇ ရက်နေ့က ဘီးလင်းမြို့နယ်မှာရေကြီးတာကြောင့် ရန်ကုန် မော်လမြိုင် ရထားလမ်းပိုင်းက နှင်းပုလဲနဲ့ဒုံဝန်းဘူတာကြား ရထားလမ်းရေကျော်သွားတဲ့အတွက် ခရီးစဉ်ပိုင်းကို ပိတ်ထားခဲ့ရတာဖြစ်ပါတယ်။

ရုပ်သံသတင်းထောက် - စောအောင်မင်းဦး

Recommended