ေလယာဉ္ေပၚကအဆင္း ေလျပင္းတိုက္ၿပီး ထီးရြက္လန္လုိ႔ ဗ်ာမ်ားခဲ့တဲ့ ထရမ့္ဧၿပီ-၂၉ ၊၂၀၁၈ဝါရွင္တန္ၿမိဳ႕ေတာ္က ေလထန္တဲ့ ေန႔တစ္ေန႔မွာ အေမရိကန္ သမၼတ ေဒၚနယ္လ္ထရမ့္ဟာ ထီးတ

  • 6 years ago
ေလယာဉ္ေပၚကအဆင္း ေလျပင္းတိုက္ၿပီး ထီးရြက္လန္လုိ႔ ဗ်ာမ်ားခဲ့တဲ့ ထရမ့္

ဧၿပီ-၂၉ ၊၂၀၁၈

ဝါရွင္တန္ၿမိဳ႕ေတာ္က ေလထန္တဲ့ ေန႔တစ္ေန႔မွာ အေမရိကန္ သမၼတ ေဒၚနယ္လ္ထရမ့္ဟာ ထီးတစ္ေခ်ာင္းနဲ႔ အေတာ္ေလး အက်ပ္႐ိုက္တဲ့ အေျခအေနမ်ိဳး ႀကံဳခဲ့ရပါတယ္။

ၿပီးခဲ့တဲ့ သီတင္းပတ္ကုန္က မစ္ခ်ီဂန္ကေန ျပန္လာၿပီး ေလယာဉ္ေပၚက အဆင္းမွာ ေလျပင္းလြန္းတာေၾကာင့္ ထရမ့္ကိုင္ထားတဲ့ ထီးရဲ႕ ထီးရြက္ေတြ လန္သြားခဲ့ပါတယ္။ ထရမ့္ဟာ Air Force One သမၼတ စီးေတာ္ ေလယာဉ္ရဲ႕ ေလွကားကေန အဆင္းမွာ ထီးကိုကိုင္ရင္း ဗ်ာမ်ားခဲ့ၿပီး ေနာက္ဆံုးမွာေတာ့ ထီးရြက္ လန္ေနလ်က္သား အေျခအေနနဲ႔ပဲ ေလယာဉ္ကြင္းထဲထိ ဆင္းလာခဲ့ရပါတယ္။

ေအာက္ေရာက္ေတာ့မွ ထရမ့္ရဲ႕ လက္ထဲက ထီးကို ဝန္ထမ္းတစ္ဦးက လွမ္းယူၿပီး ျပင္ဆင္ေပးခဲ့ရပါတယ္။ ဒါေပမဲ့ သမၼတက ထီးကို ျပန္ယူမေဆာင္းေတာ့ဘဲ ထြက္ခြာသြားခဲ့ပါတယ္။ ထရမ့္ဟာ လူထု အစည္းအေဝး တစ္ခုကို တက္ေရာက္ဖုိ႔အတြက္ မစ္ခ်ီဂန္ကို သြားေရာက္ခဲ့တာလုိ႔လည္း သိရပါတယ္။

Unicode

လေယာဉ်ပေါ်ကအဆင်း လေပြင်းတိုက်ပြီး ထီးရွက်လန်လို့ ဗျာများခဲ့တဲ့ ထရမ့်

ဧပြီ-၂၉ ၊၂၀၁၈

ဝါရှင်တန်မြို့တော်က လေထန်တဲ့ နေ့တစ်နေ့မှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ထီးတစ်ချောင်းနဲ့ အတော်လေး အကျပ်ရိုက်တဲ့ အခြေအနေမျိုး ကြုံခဲ့ရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က မစ်ချီဂန်ကနေ ပြန်လာပြီး လေယာဉ်ပေါ်က အဆင်းမှာ လေပြင်းလွန်းတာကြောင့် ထရမ့်ကိုင်ထားတဲ့ ထီးရဲ့ ထီးရွက်တွေ လန်သွားခဲ့ပါတယ်။ ထရမ့်ဟာ Air Force One သမ္မတ စီးတော် လေယာဉ်ရဲ့ လှေကားကနေ အဆင်းမှာ ထီးကိုကိုင်ရင်း ဗျာများခဲ့ပြီး နောက်ဆုံးမှာတော့ ထီးရွက် လန်နေလျက်သား အခြေအနေနဲ့ပဲ လေယာဉ်ကွင်းထဲထိ ဆင်းလာခဲ့ရပါတယ်။

အောက်ရောက်တော့မှ ထရမ့်ရဲ့ လက်ထဲက ထီးကို ဝန်ထမ်းတစ်ဦးက လှမ်းယူပြီး ပြင်ဆင်ပေးခဲ့ရပါတယ်။ ဒါပေမဲ့ သမ္မတက ထီးကို ပြန်ယူမဆောင်းတော့ဘဲ ထွက်ခွာသွားခဲ့ပါတယ်။ ထရမ့်ဟာ လူထု အစည်းအဝေး တစ်ခုကို တက်ရောက်ဖို့အတွက် မစ်ချီဂန်ကို သွားရောက်ခဲ့တာလို့လည်း သိရပါတယ်။

Recommended