လူငယ်တွေအတွက် ကျင်းပတဲ့ လူငယ့်စေတမန်ပွဲ ဇူလိုင်-၃၀၊၂၀၁၈နိုင်ငံတကာလူငယ်များနေ့ အထိမ်းအမှတ် လူငယ့်စေတမန်အစီအစဉ်ကို လာမယ့် သြဂုတ်လ ၁၂ရက်မှာ ကျင်းပသွားမှာဖြစ်တယ်

  • 6 years ago
လူငယ်တွေအတွက် ကျင်းပတဲ့ လူငယ့်စေတမန်ပွဲ

ဇူလိုင်-၃၀၊၂၀၁၈
နိုင်ငံတကာလူငယ်များနေ့ အထိမ်းအမှတ် လူငယ့်စေတမန်အစီအစဉ်ကို လာမယ့် သြဂုတ်လ ၁၂ရက်မှာ ကျင်းပသွားမှာဖြစ်တယ်လို့ သတင်းရရှိပါတယ်။

အမျိုးသားကဇာတ်ရုံမှာ နေ့လည်(၃)နာရီကနေ ညကိုးနာရီ
အထိ ကျင်းပမှာပါ။

အစီအစဉ်မှာ မူးယစ်ဆေးဝါး၊HIV၊မျိုးဆက်ပွားကျန်းမားရေး၊လူ့အခွင့်အရေးစတဲ့ နယ်ပယ်ကဏ္ဍတွေမှာ လူငယ်တွေအနေနဲ့ သိရှိသင့်တဲ့ဗဟုသုတအကြောင်းအရာတွေကို ပြသပေးမယ့် အသိပညာပေးပြခန်း(၁၇)ခန်း၊
လူငယ်တွေအချင်းချင်းတွေ့ဆုံဆွေးနွေးပွဲတွေနဲ့ ဖျော်ဖြေရေးအစီအစဉ်တွေပါဝင်မှာဖြစ်ပါတယ်။

ရန်ကုန်က လူငယ်တွေအပြင် နယ်က လူငယ်တွေကိုပါ ဒီအစီအစဉ်ကို တက်ရောက်ဖို့ ဖိတ်ကြားသွားမှာဖြစ်ပြီး လူငယ်တစ်ထောင်ကျော်တက်
ရောက်ဖို့ မျှော်မှန်းထားတယ်လို့ မြန်မာနိုင်ငံဆရာဝန်အသင်း လူငယ်စီမံချက်က နည်းပညာအကြံပေးဒေါက်တာနေ၀င်းက ပြောပါတယ်။

ဒီအစီအစဉ်ကို ပြုလုပ်တာဟာ ဒီနှစ်ရဲ့ နိုင်ငံတကာလူငယ်များနေ့ ဆောင်ပုဒ်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို လူငယ်တွေနဲ့ပြည်သူတွေပိုမိုသိရှိနိုင်စေဖို့ဖြစ်တယ်လို့ ဒေါက်တာနေ၀င်းကပြောပါတယ်။

ဒီကနေ့ ဇူလိုင်လ(၃၀)ရက်က မြန်မာနိုင်ငံဆရာဝန်အသင်းမှာပြုလုပ်တဲ့ ပွဲနဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲမှာ အခုလိုပြောကြားခဲ့တာပါ။

ဒီအစီအစဉ်ကို စိတ်ဝင်စားတဲ့သူတွေအနေနဲ့ သြဂုတ်လ(၅)ရက်ကနေ ၉ရက်အထိ မြန်မာနိုင်ငံဆရာဝန်အသင်းမှာ ဖျော်ဖြေရေးအစီအစဉ်လက်မှတ်တွေ အခမဲ့
ထုတ်ယူနိုင်တယ်လို့ သိရပါတယ်။

ရုပ်သံသတင်းထောက် - လွင်သဲငယ်ဦး

Recommended