ငြိမ်းစုစီ ဥပဒေကြမ်းကို တပ်မတော်က ဘာကြောင့် အင်တိုက်အားတိုက် ဆွေးနွေးမှာလဲ (ရုပ်/သံ)ဧရာဝတီ ၊ မတ် ၁၉ ၊ ၂၀၁၈မကြာမီ ရက်ပိုင်းတွင် ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးဖ

  • 6 years ago
ငြိမ်းစုစီ ဥပဒေကြမ်းကို တပ်မတော်က ဘာကြောင့် အင်တိုက်အားတိုက် ဆွေးနွေးမှာလဲ (ရုပ်/သံ)

ဧရာဝတီ ၊ မတ် ၁၉ ၊ ၂၀၁၈

မကြာမီ ရက်ပိုင်းတွင် ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးဖို့ ရှိတဲ့ ငြိမ်းချမ်းစွာ စုဝေးခြင်းနဲ့ စီတန်း လှည့်လည်ခြင်းဆိုင်ရာ ဥပဒေကို တပ်မတော်က ဆွေးနွေးဖို့ ကိုယ်စားလှယ် ၆၀ အထိ စာရင်းပေးထားရတာဟာ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်ကို ထိခိုက်မှာ စိုးရိမ်လို့ ဖြစ်တယ်လို့ တပ်မတော်ကိုယ်စားလှယ်တွေရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးချုပ် မောင်မောင်က သတင်းထောက်တွေကို ပြောပါတယ်။

ဒီလို တပ်မတော်သား ၆၀ အထိ စာရင်းပေးထားတာကြောင့် လွှတ်တော်ရဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေ နှောင့်နှေးမှာစိုးလို့ ဥပဒေကြမ်း ကော်မတီက လူလျော့ ပေးဖို့ မေတ္တာရပ်ခံပေမယ့် အခုချိန်အထိ လူလျော့ဖို့ မဆုံးဖြတ်ရသေးဘူးလို့ သိရပါတယ်။

ငြိမ်းစုစီ ဥပဒေဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ကိုက်ညီမှု မရှိတာကြောင့် ပြင်ဆင်ရတာ ဖြစ်တယ်လို့ ဥပဒေကြမ်း ကော်မတီ ဥက္ကဌ ဦးထွန်းထွန်းဟိန်က မီဒီယာတွေကို ဖြေကြားထားပါတယ်။

ရိုက်ကူး - ထက်နိုင်ဇော်/ဧရာဝတီ

Recommended