ကမ္ဘာလုံးဆိုင်ရာ စက်ဘီးစီးနေ့ ပထမဆုံးအကြိမ် ပြည်မြို့တွင်ကျင်းပ (ရုပ်/သံ)ဧရာဝတီ ၊ ဇွန် ၄ ၊ ၂၀၁၈ကမ္ဘာလုံးဆိုင်ရာ စက်ဘီးစီးနေ့ (The World Bicycle Day) ကိုကြိုဆု

  • 6 years ago
ကမ္ဘာလုံးဆိုင်ရာ စက်ဘီးစီးနေ့ ပထမဆုံးအကြိမ် ပြည်မြို့တွင်ကျင်းပ (ရုပ်/သံ)

ဧရာဝတီ ၊ ဇွန် ၄ ၊ ၂၀၁၈

ကမ္ဘာလုံးဆိုင်ရာ စက်ဘီးစီးနေ့ (The World Bicycle Day) ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဋ္ဌာန၏ လမ်းညွှန်မှုဖြင့် ပြည်မြို့အခြေစိုက် စက်ဘီးစီးဝါသနာရှင်များအဖွဲ့ (Sri Ksetra Cycling Club) မှ ၂၀၁၈ ခုနှစ် ဇွန် လ ၃ ရက်နေ့တွင် စက်ဘီး အစီး ၂၀၀ ကျော်ဖြင့် ပြည်မြို့တပတ် စက်ဘီးစီးနင်းခဲ့ကြသည်။

အဆိုပါ စက်ဘီးလှုပ်ရှားမှုသည် သဘာဝပတ်ဝန်းကျင်အား ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြစ်သည့်အပြင် ကျန်းမာရေး၊ စီးပွားရေးနှင့် လူမှုရေးများတွက် အကျိုးကျေးဇူးများ ခံစားရရှိနိုင်သည့် အားကစားလှုပ်ရှားမှုတခုဖြစ်သည့်အတွက် လူအများစက်ဘီးစီးလာစေရန်ရည်ရွယ်ချက်ဖြင့် ကုလသမဂ္ဂမှ ဇွန် လ ၃ ရက်နေ့ကို ကမ္ဘာလုံးဆိုင်ရာ စက်ဘီးစီးနေ့ (The World Bicycle Day) အဖြစ် သတ်မှတ်ရန် ၂၀၁၈ ဧပြီလ ၁၂ ရက်နေ့တွင် တရားဝင်ကြေငြာခဲ့ခြင်းဖြစ်သည်။

Recommended