နဝတ အစိုးရလက်ထက်က သိမ်းခံရသည့်မြေများကို စစ်ဆေးပြီး ပြန်ပေးဖို့ NLD အစိုးရထံ တောင်းဆို (ရုပ်/သံ)ဧရာဝတီ၊ သြဂုတ် ၁၀၊ ၂၀၁၈ ပဲခူးတိုင်း အနောက်ပိုင်း သာယာဝတီခရို
  • 6 years ago
နဝတ အစိုးရလက်ထက်က သိမ်းခံရသည့်မြေများကို စစ်ဆေးပြီး ပြန်ပေးဖို့ NLD အစိုးရထံ တောင်းဆို (ရုပ်/သံ)

ဧရာဝတီ၊ သြဂုတ် ၁၀၊ ၂၀၁၈

ပဲခူးတိုင်း အနောက်ပိုင်း သာယာဝတီခရိုင်၊ နတ္တလင်းမြို့တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ (နဝတ) အစိုးရလက်ထက် သိမ်းဆည်းခံလယ်ယာများကိစ္စများကို NLD အစိုးရ တာဝန်ရှိသူများ အမြန်ဆုံးကွင်းဆင်းစစ်ဆေးပေးရန် ကျေးရွာ ၁၁ ရွာမှာ လယ်ယာမြေသိမ်းဆည်းခံရသူ တောင်သူ ၆၀ ကျော်မှ နတ္တလင်းမြို့ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဋ္ဌာန သို့ ယနေ့ နံနက်ပိုင်းက ချီတက်ဆန္ဒပြခဲ့ကြသည်။

နတ္တလင်းမြို့နယ် ဒမငယ်အုပ်စုရှိ ကျေးရွာများအပါအဝင် ကျေးရွာစုစုပေါင်း ၁၁ ရွာမှာ တောင်သူ ၁၅၇ ဦးမှ ဓမ္မဦးချ လုပ်ကိုင်ခဲ့သည့် လယ်ယာမြေများအား ၁၉၉၃ ခုနှစ်က သာယာဝတီခရိုင် နိုင်ငံတော်ငြိပ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့မှ သိမ်းယူခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် ဋ္ဌာနဆိုင်ရာ အမည်ပေါက်များဖြင့် ပုံစံ (၇) ချပေးထားသည့်အပေါ် အမြန်ဆုံး ကွင်းဆင်း စစ်ဆေးပေးရန် ဆန္ဒပြတောင်းဆိုခဲ့ခြင်းဖြစ်သည်။

ရိုက်ကူး - ကောင်းမြတ်မင်း
Recommended