YBS တွေ ဒီလနောက်ဆုံး အလုံးစုံအာမခံထားရမယ်

  • 7 years ago
YBSယာဉ်လိုင်းတွေအားလုံး အလုံးစုံအာမခံထားရှိဖို့ကို ယခုစက်တင်ဘာလနောက်ဆုံးထား ဆောင်ရွက်ရမယ်လို့ အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ် ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာမောင်အောင်က ပြောပါတယ်။

လက်ရှိ YBSယာဉ်လိုင်းတွေမှာ ပါဝင်တဲ့ ကုမ္ပဏီအများစုက အလုံးစုံအာမခံကို ထားထားပေမယ့် တစ်ချို့ကုမ္ပဏီတွေနဲ့ ယာဉ်လိုင်းတွေကတော့ မထားသေးဘူးလို့သိရပါတယ်။ အလုံးစုံအာမခံမထားတဲ့ ယာဉ်လိုင်းတွေကို အရေးယူမှာဖြစ်ပြီး နောက်ဆုံးအဆင့် အနေနဲ့ လိုင်စင်ပိတ်သိမ်းတဲ့အထိ အရေးယူသွားမယ်လို့ ဒေါက်တာမောင်အောင်ကပြောပါတယ်။

YBSယာဉ်လိုင်းတွေကို အလုံးစုံအာမခံထားဖို့ သတ်မှတ်တဲ့အပြင် ကုန်တင်ယာဉ်တွေပါ အလုံးစုံအာမခံထားရှိရမယ်လို့ သိရပါတယ်။ ကုန်တင်ယာဉ်တွေ အနေနဲ့ကတော့ ဒီဇင်ဘာလကုန်နောက်ဆုံးထားပြီး အလုံးစုံ အာမခံထားရှိရမှာဖြစ်ပါတယ်။

ရုပ်သံသတင်းထောက် - အိမ့်မြတ်နိုးဇော်

Recommended