ကမ္ဘာ့အကြီးဆုံး ကျွန်းပင် ဟုမ္မလင်းမြို့နယ်အတွင်းမှာ တွေ့ရှိ

  • 7 years ago
ပင်စည်လုံးပတ် ၂၇ ပေ ၅ လက်မရှိတဲ့ ကျွန်းပင်ကြီးတစ်ပင်ကို ဟုမ္မလင်းမြို့နယ် အတွင်းမှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက တွေ့ရှိ ခဲ့တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဆီက သတင်းရရှိပါတယ်။

ဟုမ္မလင်းမြို့နယ် ၊ နံ့သာအုပ်စု ၊ တုံစကားကျေးရွာအနီး ဥရုကြိုးဝိုင်းမှာရှိတဲ့ အကွက်အမှတ် ၇၉ မှာ ရင်စို့ပင်စည်လုံးပတ် ၂၇ ပေ ၅ လက်မ ရှိပြီးအမြင့်ပေ ၁၁၀ ခန့် ရှိတဲ့ ကျွန်းပင်ကြီးကို တွေ့ရှိခဲ့တာပါ။

အဲဒီကျွန်းပင်ကြီးဟာ မှတ်တမ်းတွေအရ ကမ္ဘာ့အကြီးဆုံးကျွန်းပင်ကြီးဖြစ်တယ်လို့ စစ်ကိုင်း တိုင်းဒေသကြီး သစ်တောဦးစီးဌာန ညွှန်ကြားရေးမှုး ဦးခင်မောင်ဝင်းက ဆိုပါတယ်။

ကျွန်းပင်ကြီးဆီ ကိုရောက်ဖို့ ဟုမ္မလင်းမြို့ကနေ ရေလမ်းခရီး ၊ ကုန်လမ်းခရီးတို့နဲ့သွားရကာ အသွားအပြန် ငါးရက်ကြာမြင့်တယ် လို့ ဦးခင်မောင်ဝင်းက ပြောပါတယ်။


အိန္ဒိယနိုင်ငံမှာ လည်း လုံးပတ် ၂၃ ပေ ၇ လက်မရှိ တဲ့ ကျွန်း ပင်ရှိနေတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး သစ်တော ဦးစီးဌာန ရဲ့ မှတ်တမ်းအရ သိရပါတယ်။

သတင်း - မျိုးမင်းဦး
ဓာတ်ပုံ - Sagaing Region Information page

Recommended