ကျောင်းဆရာအဖြစ် တွေ့ရမယ့် ကျော်ထက်အောင်

  • 7 years ago
လာမယ့် စက်တင်ဘာလထဲမှာ ကျင်းပမယ့် ဒီမိုကရေစီ ရက်သတ္တပတ် ရုပ်ရှင်ပွဲတော်မှာ ပြသသွားမယ့် “နေခြည်မှာ ရွှေရည်လောင်း” ရုပ်ရှင်ဇာတ်ကားမှာ ကျောင်းဆရာတစ်ယောက် အနေနဲ့ သရုပ်ဆောင်ကျော်ထက်အောင်ကို တွေ့ရမှာပါ။

“နေခြည်မှာရွှေရည်လောင်း”ရုပ်ရှင်ကားဟာ ၁၉၇၀ ခုနှစ်ဝန်းကျင်တဲ့ အမျိုးသားစာပေ ပထမဆု ရရှိခဲ့တဲ့ ဆရာကြီး လယ်တွင်းသားစောချစ်ရဲ့ “ပန်းမြိုင်လယ်က ဥယျာဉ်မှူး” ဝတ္ထုကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ ဇော်မင်းဦးက ရိုက်ကူးနေတာဖြစ်ပြီး အေးမြတ်သူ ၊ နန်းမြတ်ဖြိုးသင်းတို့နဲ့ ပုပ္ပါးမှာ စတင်ရိုက်ကူးနေပြီဖြစ်ပါတယ်။


ရုပ်သံသတင်းထောက် - အေးမြတ်

Recommended