City Mart က အရောင်းဆိုင်များတိုးချဲ့ပြီး လက်လီဈေးကွက်ကွန်ရက်တိုးချဲ့မည်

  • 7 years ago
မြန်မာနိုင်ငံက City Mart နဲ့ City express စတဲ့ လက်လီအရောင်းဆိုင်တွေ ဖွင့်လှစ်ထားတဲ့ City Mart Holdings Limited (စီးတီးမတ် ဟိုးဒင်းလီမိတက်) ကို အပြည်ပြည်ဆိုင်ရာဘဏ္ဍာရေးကော်ပိုရေးရှင်း-IFC က အမေရိကန်ဒေါ်လာ ၂၅ သန်း ငွေချေးပေးဖို့ သဘောတူလိုက်ပါတယ်။ ဒါဟာ City Mart Holdings Limited (စီးတီးမတ် ဟိုးဒင်းလီမိတက်) အနေနဲ့ နောက်ထပ်အရောင်းဆိုင်တွေ ထပ်ဖွင့်ဖို့ ဒီချေးငွေပေးတာဆိုပြီး IFC ဘက်က ပြောပါတယ်။ City Mart Holdings Limited (စီးတီးမတ် ဟိုးဒင်းလီမိတက်)ကို တည်ထောင်သူ ဒေါ်ဝင်းဝင်းတင့်ကတော့ ဒီအခွင့်အလမ်း ကနေ မြန်မာနိုင်ငံလက်လီဈေးကွက်ကွန်ရက်ထဲမှာပါဝင်သူတွေအားလုံးကို ပိုပြီးကြီးထွားစေမှာဖြစ်တယ်လို့ 7 Minutes အစီအစဉ်မှာ ပြောဆိုထားပါတယ်။ အရင်ဆုံး ဒါနဲ့ပတ်သတ်တဲ့ သတင်းကို မဇ္ဈိမသတင်းထောက် ကိုအောင်သူရက ပြောပြ ထားပါတယ်။

Recommended