အႀကီးဆံုး႐ုပ္ရွင္ပိတ္ကားပါဝင္သည့္ Junction City Shopping Center မတ္ ၃၁ရက္ဖြင့္မည္

  • 7 years ago
ZawGyi-
အႀကီးဆံုး႐ုပ္ရွင္ပိတ္ကားပါဝင္သည့္ ႐ုပ္ရွင္႐ံုကို Junction City Shopping Center တြင္ ဖြင့္လွစ္သြားမည္ဟု မတ္လ ၂၉ ရက္ေန႔တြင္ ျပဳလုပ္သည့္ စာနယ္ဇင္းမိတ္ဆက္ပြဲတြင္ မီဒီယာမ်ားကို အသိေပးခဲ့သည္။

ဖြင့္လွစ္မည့္႐ုပ္ရွင္႐ံုသည္ ၃၂၈၇၃ စတုရန္းေပက်ယ္ဝန္းၿပီး ႐ုပ္ရွင္ပိတ္ကားမွာ အလ်ား ၇၁ ေပရွိၿပီး အနံ ၄၂ ေပခန္႔ရွိသည္။

Junction City Shopping Center တြင္ ဆိုင္ခန္းေပါင္း ၂၄၀ ပါဝင္ၿပီး ကမာၻတစ္ဝွမ္းႏွင့္ ျမန္မာႏိုင္ငံမွ ဖက္ရွင္၊ အလွအပ၊ နည္းပညာအေရာင္းဆိုင္မ်ားသာမက စားေသာက္ဆိုင္မ်ား ကေလးကစားကြင္းႏွင့္ လူ ၁၁၀၀ ဆန္႔၊ အႀကီးမားဆံုးပိတ္ကားႏွင့္ ႐ုပ္ရွင္႐ံုအျပင္ ႐ုပ္ရွင္႐ံုစုစုေပါင္း ၅ ႐ံုပါဝင္မည္ျဖစ္သည္။ ၂၃ ထပ္အျမင့္ရွိသည့္ Junction City Office Tower တြင္ စီးပြားေရးလုပ္ငန္းမ်ားႏွင့္ ႐ံုးခန္းမ်ားပါဝင္သည္။

Junction City ဖြင့္လွစ္ျခင္းႏွင့္ပတ္သက္၍ “ကြ်န္မတို႔ Junction City မွာ ခုနက မီဒီယာေတြကိုရွင္းျပသြားတဲ့အတိုင္းပဲ Where Everything Connect ေပါ့ေနာ္။ ကြ်န္မတို႔ဒီမွာ ဆံုစည္းရာေလးေပါ့။ ရန္ကုန္ၿမိဳ႕ရဲ႕ အလယ္ဗဟိုေနရာေလးမွာ အားလံုး Community ေတြေရာ၊ Business ေတြေရာ၊ လာမယ့္ Tourist ေတြေရာ၊ Local ေတြေရာ အားလံုးေဈးဝယ္ထြက္မယ္။ ၿပီးရင္ အလုပ္လုပ္ၾကမယ္၊ အပန္းေျဖမယ္။ အဲဒီအတြက္ အားလံုးအဆင္ေျပမယ့္ ေနရာေလးတစ္ခုကို ဖန္တီးေပးခ်င္တာပါ” ဟု ေ႐ႊေတာင္ ဂ႐ုမွ Chief Executive Officer ေဒၚစႏၵာထြန္းမွေျပာသည္။

Junction City ကို ေ႐ႊေတာင္ Group မွ ဦးေဆာင္တည္ေဆာက္ၿပီး Kepple Land ႏွင့္ Pan Pacific Hotels Group တို႔မွ ပူးေပါင္းေဆာင္႐ြက္ျခင္းျဖစ္ၿပီး ရန္ကုန္ၿမိဳ႕ ဗိုလ္ခ်ဳပ္လမ္းႏွင့္ ေရႊတိဂံုဘုရားလမ္းေထာင့္တြင္ရွိသည္။

Unicode-
အကြီးဆုံးရုပ်ရှင်ပိတ်ကားပါဝင်သည့် ရုပ်ရှင်ရုံကို Junction City Shopping Center တွင် ဖွင့်လှစ်သွားမည်ဟု မတ်လ ၂၉ ရက်နေ့တွင် ပြုလုပ်သည့် စာနယ်ဇင်းမိတ်ဆက်ပွဲတွင် မီဒီယာများကို အသိပေးခဲ့သည်။

ဖွင့်လှစ်မည့်ရုပ်ရှင်ရုံသည် ၃၂၈၇၃ စတုရန်းပေကျယ်ဝန်းပြီး ရုပ်ရှင်ပိတ်ကားမှာ အလျား ရ၁ ပေရှိပြီး အနံ ၄၂ ပေခန့်ရှိသည်။

Junction City Shopping Center တွင် ဆိုင်ခန်းပေါင်း ၂၄၀ ပါဝင်ပြီး ကမ္ဘာတစ်ဝှမ်းနှင့် မြန်မာနိုင်ငံမှ ဖက်ရှင်၊ အလှအပ၊ နည်းပညာအရောင်းဆိုင်များသာမက စားသောက်ဆိုင်များ ကလေးကစားကွင်းနှင့် လူ ၁၁၀၀ ဆန့်၊ အကြီးမားဆုံးပိတ်ကားနှင့် ရုပ်ရှင်ရုံအပြင် ရုပ်ရှင်ရုံစုစုပေါင်း ၅ ရုံပါဝင်မည်ဖြစ်သည်။ ၂၃ ထပ်အမြင့်ရှိသည့် Junction City Office Tower တွင် စီးပွားရေးလုပ်ငန်းများနှင့် ရုံးခန်းများပါဝင်သည်။

Junction City ဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍ “ကျွန်မတို့ Junction City မှာ ခုနက မီဒီယာတွေကိုရှင်းပြသွားတဲ့အတိုင်းပဲ Where Everything Connect ပေါ့နော်။ ကျွန်မတို့ဒီမှာ ဆုံစည်းရာလေးပေါ့။ ရန်ကုန်မြို့ရဲ့ အလယ်ဗဟိုနေရာလေးမှာ အားလုံး Community တွေရော၊ Business တွေရော၊ လာမယ့် Tourist တွေရော၊ Local တွေရော အားလုံးဈေးဝယ်ထွက်မယ်။ ပြီးရင် အလုပ်လုပ်ကြမယ်၊ အပန်းဖြေမယ်။ အဲဒီအတွက် အားလုံးအဆင်ပြေမယ့် နေရာလေးတစ်ခုကို ဖန်တီးပေးချင်တာပါ” ဟု ရွှေတောင် ဂရုမှ Chief Executive Officer ဒေါ်စန္ဒာထွန်းမှပြောသည်။

Junction City ကို ရွှေတောင် Group မှ ဦးဆောင်တည်ဆောက်ပြီး Kepple Land နှင့် Pan Pacific Hotels Group တို့မှ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ရန်ကုန်မြို့ ဗိုလ်ချုပ်လမ်းနှင့် ရွှေတိဂုံဘုရားလမ်းထောင့်တွင်ရှိသည်။

Recommended