DVB Debate Report: 'Lots of mobile phone users look like robots'

  • 8 years ago
မိုဘိုင်းဖုန်းတွေအလွန်အကျွံသုံးစွဲလာခြင်းအားဖြင့် မြန်မာ့လူ့အဖွဲ့အစည်းဟာ လူသားမဆန်ဘဲ စက်ရုပ်တွေ
ဆန်ဆန်ဖြစ်လာတယ်လို့ စာရေးဆရာမောင်ဇေယျာက အခုအပတ်ဒီဘိတ်မှာ သတိပေးပြောဆိုလိုက်ပါတယ်။
စာကြည့်တိုက်မှူးတစ်ယောက်လည်းဖြစ်တဲ့ စာရေးဆရာမောင်ဇေယျာဟာ သူ့ရဲ့အလုပ်နဲ့ပတ်သတ်ပြီး
မိုဘိုင်းဖုန်းမသုံးရင်တောင် ပိုအာရုံစိုက်လို့အဆင်ပြေတယ်လို့ခံယူထားတဲ့အတွက် မိုဘိုင်းဆက်သွယ်ရေး
ဖုန်းကို ရှားရှားပါးပါးမသုံးစွဲသူဖြစ်ပါတယ်။
မြန်မာ့မိုဘိုင်းဆက်သွယ်ရေးကဏ္ဍဟာ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေကို ခွင့်ပြုလိုက်တဲ့ ၂၀၁၁ ခုနှစ်နောက်ပိုင်း
တစ်ဟုန်ထိုးတိုးတက်လာခဲ့ပါတယ်။ သုံးစွဲသူဦးရေးဟာလည်း ၂၀၀၅ ခုနှစ်က ၁ သိန်းကျော်လောက်ပဲရှိခဲ့ရာက
နေ အခုချိန်မှာ ၉ သန်းကျော်ထိရှိလာပါတယ်။ တစ်ချိန်တည်းမှာပဲ မိုဘိုင်းဖုန်းတွေကနေတစ်ဆင့်ရရှိလာတဲ့
အင်တာနက်ဝန်ဆောင်မှုတွေကိုပါ သုံးစွဲခွင့်ရလာပြီး သုံးစွဲသူတွေအနေနဲ့ မိုဘိုင်းကွန်ယက်အပေါ်မှာပဲ အာရုံ
စိုက်လွန်းနေတဲ့အပေါ် သူက အခုလိုဝေဖန်သတိပေးလိုက်တာဖြစ်ပါတယ်။
အခုအပတ်ဒီဗီဘီ ဒီိဘိတ်ကို မိုဘိုင်းဖုန်းအသုံးပြုခြင်းက ကျွန်ုပ်တို့ရဲ့နေ့စဉ်လူမှုဘ၀တွေကို ဘယ်လိုသက်
ရောက်မှုတွေရှိနေလဲ ဆိုတဲ့ခေါင်းစဉ်နဲ့ပြုလုပ်ခဲ့တာဖြစ်ပါတယ်။