ICJ တရားရုံးရှေ့ ဒုတိယနေ့နဲ့ စုဝေးပွဲများ
  • 4 years ago
ICJ တရားရုံးရှေ့ ဒုတိယနေ့နဲ့ စုဝေးပွဲများ
*******************
မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားတဲ့အမှု ICJ နိုင်ငံတကာ တရားရုံးက ကြားနာပွဲတွေ ကျင်းပနေတဲ့ အချိန်မှာပဲ မြန်မာ့အရေးလှုပ်ရှားသူတွေ၊ ရိုဟင်ဂျာ လူ့အခွင့်အရေး အရေးလှုပ်ရှားသူတွေ ICJ ရုံးရှေ့မှာ စုဝေးနေကြပါတယ်။ မနေ့က စုဝေးရောက်ရှိလာသူတွေထဲမှာ ဂမ်ဘီယာနိုင်ငံဘက်က စွတ်စွဲချက်ကို ထောက်ခံသူတွေ၊ မြန်မာ့တပ်မတော်ရဲ့ လုပ်ရပ်ကို ရှုတ်ချသူတွေ အများစုပါပေမယ့် မနေ့က ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုံးကို လက်မခံတဲ့ မြန်မာအစိုးရကို ထောက်ခံသူတွေ၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ သွေးစည်းညီညွတ်မှုကို ပြသဖို့ ရောက်လာတဲ့ နိုင်ငံစုံက မြန်မာနိုင်ငံသားတွေ ပါဝင်ပါတယ်။ စုဝေးရောက်လာသူတွေထဲက ကန့်ကွက်သူ၊ ထောက်ခံသူ တချို့ကို ICJ တရားရုံး ရုံးစိုက်တဲ့ Peace Palace ငြိမ်းချမ်းရေး နန်းတော်ရှေ့မှာ VOA မြန်မာပိုင်း အစီအစဉ်က ကိုဝင်းခန့်မောင်က တွေ့ဆုံမေးမြန်းထားပါတယ်။
(zawgyi)
ICJ တရား႐ုံးေရွ႕ ဒုတိယေန႔နဲ႔ စုေဝးပြဲမ်ား
*******************
ျမန္မာႏိုင္ငံကို ဂမ္ဘီယာႏိုင္ငံက တရားစြဲဆိုထားတဲ့အမႈ ICJ ႏိုင္ငံတကာ တရား႐ုံးက ၾကားနာပြဲေတြ က်င္းပေနတဲ့ အခ်ိန္မွာပဲ ျမန္မာ့အေရးလႈပ္ရွားသူေတြ၊ ႐ိုဟင္ဂ်ာ လူ႔အခြင့္အေရး အေရးလႈပ္ရွားသူေတြ ICJ ႐ုံးေရွ႕မွာ စုေဝးေနၾကပါတယ္။ မေန႔က စုေဝးေရာက္ရွိလာသူေတြထဲမွာ ဂမ္ဘီယာႏိုင္ငံဘက္က စြတ္စြဲခ်က္ကို ေထာက္ခံသူေတြ၊ ျမန္မာ့တပ္မေတာ္ရဲ႕ လုပ္ရပ္ကို ရႈတ္ခ်သူေတြ အမ်ားစုပါေပမယ့္ မေန႔က ႐ိုဟင္ဂ်ာဆိုတဲ့ အသုံးအႏႈံးကို လက္မခံတဲ့ ျမန္မာအစိုးရကို ေထာက္ခံသူေတြ၊ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔အတူ ေသြးစည္းညီၫြတ္မႈကို ျပသဖို႔ ေရာက္လာတဲ့ ႏိုင္ငံစုံက ျမန္မာႏိုင္ငံသားေတြ ပါဝင္ပါတယ္။ စုေဝးေရာက္လာသူေတြထဲက ကန႔္ကြက္သူ၊ ေထာက္ခံသူ တခ်ိဳ႕ကို ICJ တရား႐ုံး ႐ုံးစိုက္တဲ့ Peace Palace ၿငိမ္းခ်မ္းေရး နန္းေတာ္ေရွ႕မွာ VOA ျမန္မာပိုင္း အစီအစဥ္က ကိုဝင္းခန႔္ေမာင္က ေတြ႕ဆုံေမးျမန္းထားပါတယ္။

Recommended