မြန်မာ့အရေး ICJ စတင်ကြားနာမှု တိုက်ရိုက်မေးမြန်းချက်
  • 4 years ago

မြန်မာ့အရေး ICJ စတင်ကြားနာမှု တိုက်ရိုက်မေးမြန်းချက်

*****************

ရိုဟင်ဂျာ မူဆလင်တွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်နိုင်တဲ့အခြေအနေကို မြန်မာနိုင်ငံဘက်က ဟန့်တားဖို့ ပျက်ကွက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဂမ်ဘီယာနိုင်ငံရဲ့ လျှောက်ထားချက်ကို ICJ ခေါ် နိုင်ငံတကာ တရားရုံးက အင်္ဂါနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ စတင်လက်ခံကြားနာခဲ့ပါတယ်။ ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းကို လက်ခံမထားတဲ့ မြန်မာအစိုးရ ကတော့ နိုင်ငံတကာက စွပ်စွဲပြောဆိုနေသလို၊ လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်တယ်ဆိုတဲ့ အခြေအနေအထိ မဖြစ်ခဲ့ကြောင်းနဲ့ အပြစ်ကျူးလွန်သူတွေကို စုံစမ်း အရေးယူခဲ့ကြောင်း ပြောဆိုထားတာပါ။ ဂမ်ဘီယာနိုင်ငံဘက်က ရှေ့နေတွေ လျှောက်လဲချက်ပေးတဲ့ ကြားနာပွဲကို VOA မြန်မာပိုင်းအစီအစဉ်က အယ်ဒီတာ ဦးကျော်ဇံသာ ကိုယ်တိုင် ICJ တရား ရုံးအတွင်းမှာ တက်ရောက်ခဲ့ပြီး ကြားနာပွဲပြီးပြီးချင်း မနေ့က သဟိတ်မြို့ ငြိမ်းချမ်းရေးနန်းတော် Peace Palace ရှေ့မှာ ရောက်နေတဲ့ ဦးကျော်ဇံသာကို Skype ကနေ မခင်ဖြူထွေးက တိုက်ရိုက်ဆက်သွယ်မေးမြန်းထားပါတယ်။
Recommended