ကျေးရွာပေါင်း၂၄၀၀ ကျော်နှင့် အိမ်ထောင်စု တစ်သိန်းခွဲခန့် ကို မီးလင်းရေးဆောင်ရွက်နေ

  • 5 years ago
ကျေးရွာပေါင်း၂၄၀၀ ကျော်နှင့် အိမ်ထောင်စု တစ်သိန်းခွဲခန့် ကို မီးလင်းရေးဆောင်ရွက်နေ
*********************************
၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာပေါင်း၂၄၀၀ကျော်နှင့် အိမ်ထောင်စုပေါင်း တစ်သိန်းခွဲခန့် ကိုNEPအစီအစဉ်ဖြင့် မီးလင်းရေး ဆောင်ရွက်ပေးနေကြောင်း ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွန်ကြားရေးမှူးချုပ် ဦးမောင်မောင်ဝင်းကပြောသည်။

“အစမှာတော့ တော်တော်လေးခက်ခဲပါတယ်၊ ကျေးရွာတွေက ရယူလိုတဲ့ စာရင်း တင်ဒါအချက်အလက်တွေပြုစုတာ၊ပစ္စည်းတွေရောက်တဲ့ အချိန်မှာ ရွာတွေအထိပို့ တဲ့ အချိန်အထိ ရွာစာရင်းမတည်မငြိမ် ဖြစ်တာတွေ ရယူလိုတဲ့ စာရင်းမတည်မငြိမ်ဖြစ်တာတွေ အဲဒါတွေမှာတော့ အခက်အခဲရှိခဲ့တယ်၊ဒီနှစ်ပိုင်းတွေမှာတော့အဲဒီလောက်အခက်အခဲမရှိတော့ဘူးဟု ဦးမောင်မောင်ဝင်းကပြောသည်။

ရိုက်ကူး - စည်သူမောင်မောင်

Recommended