ချိုပြုံးနှင့် မို့မို့မြင့်အောင်တို့ကို ချေပပြောဆိုလိုက်သည့် သင်းသင်း
  • 5 years ago
ချိုပြုံးနှင့် မို့မို့မြင့်အောင်တို့ကို ချေပပြောဆိုလိုက်သည့် သင်းသင်း
*************************
" အန်တီချိုပြုံးတို့၊ အန်တီမို့မို့မြင့်အောင်တို့က ပြောထားတယ်ရှင့်။ ဘာပြောထားလဲဆိုတော့ အခုခေတ် မိန်းကလေးတွေက အရမ်းခက်တယ်တဲ့။ ကျွန်မကိုပြောတယ်။ ၀ါးလုံးရှည်နဲ့ သိမ်းကျုံးပြီးတော့ ရမ်းထားတယ်။ ဘာရမ်းထားလဲဆိုတော့ နာမည်ကြီးချင်တာနဲ့ပဲလို့ ပြောတယ်။ စဉ်းစားကြည့်ပါ။ အန်တီတို့ကို သမီး ဒီကနေပဲ တစ်ချက် ပြောချင်ပါတယ်" အလှမယ်သင်းသင်း

အလှမယ် သင်းသင်းမှာ သူနှင့် ယခင်က ချစ်သူရည်စားဖြစ်ခဲ့ဖူးသူ သရုပ်ဆောင် ဝေဠုကျော်ကို ကာမလိမ်လည် ရယူမှု ပုဒ်မ- ၄၁၇ ဖြင့် ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်တရားရုံးတွင် ဦးတိုက်လျှောက်တရားစွဲထားသူဖြစ်ပြီး ဇူလိုင်လ ၃ ရက်နေ့ ရုံးချိန်း၊ တရားရုံးမှ အထွက်တွင် ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

သတင်းရိုက်ကူး/ တည်းဖြတ်- ရဲနိုင်(လောက်ကိုင်)
Recommended