၎င်းကိုယ်တိုင်ကြန့်ကြာအောင်လုပ်နေခြင်းဟု တရားလိုရှေ့နေများတုန့်ပြန်ပြောဆို
  • 5 years ago

အမှုအမြန်ပြီးချင်သည်ဟု ဇေယျာဖြိုးပြောဆိုချက် မမှန်ကန်၊ ၎င်းကိုယ်တိုင်ကြန့်ကြာအောင်လုပ်နေခြင်းဟု တရားလိုရှေ့နေများတုန့်ပြန်ပြောဆို
***********************
ဦးကိုနီအသတ်ခံရမှုတွင် သေဒဏ်ထိချမှတ်နိုင်သည့် တင်ကူးကြံရွယ်ချက်ဖြင့် လူသတ်မှုပုဒ်မ၊ အားပေးကူညီမှု ပုဒ်မ နှစ်ခုဖြင့် စွဲချက်တင်စစ်ဆေးခံနေရသည့် ဇေယျာဖြိုးက ရုံးချိန်းတိုင်း၊ ရုံးချိန်းတိုင်းတွင် မီဒီယာများအား ၎င်းတွင် အပြစ်မရှိကြောင်း၊ စစ်ဆေးမှုကြန့်ကြာနေသည့် အမှုအား အမြန်ဆုံးပြီးချင်ကြောင်း ပြောဆိုမှုများရှိခဲ့ သည်။

ဇေယျာဖြိုး၏ ထိုသို့ အမှုအမြန်ပြီးချင်သည်ဟု ပြောဆိုချက်များမှာ မှန်ကန်မှုမရှိသည့်အပြင် ၎င်း ကိုယ်တိုင် တရားခံပြသက်သေများဖြင့် အမှုအား ကြန့်ကြာအောင်လုပ်နေခြင်းဖြစ်ကြောင်း တရားလိုများဘက်မှ လိုက်ပါ ဆောင်ရွက်ပေးနေသူ တရားလွှတ်တော်ရှေ့နေ ၂ ဦးက ဇန်နဝါရီလ ၁ဝ ရက်၊ ၉၉ ကြိမ်မြောက်ရုံးချိန်းတွင် တုန့်ပြန် ပြောဆိုလိုက်သည်။

သတင်းရိုက်ကူး/ တည်းဖြတ်- ရဲနိုင်(လောက်ကိုင်)

#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ
Recommended