ချင်းပြည်နယ် လျှပ်စစ်ဖြန့်ဖြူးရေးလုပ်ငန်းများ ပုဂ္ဂလိကသို့ပေးမည်
  • 7 years ago
ချင်းပြည်နယ် လျှပ်စစ်ဖြန့်ဖြူးရေးနဲ့ ပြုပြင်တည်ဆောက်ရေးလုပ်ငန်းတွေအတွက် ပုဂ္ဂလိကကို လုပ်ပိုင်ခွင့်ပေးတော့မှာဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့ရုံး တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။
ချင်းပြည်နယ်အတွင်းမှာရှိတဲ့ မတူပီ၊ ဟားခါး နဲ့ ဖလမ်းမြို့ လျှပ်စစ်ဖြန့်ဖြူးရေးအတွက် တည်ဆောက်ရေးလုပ်ငန်းတွေကို ၂၀၁၄ - ၂၀၁၅ ဘဏ္ဍာနှစ်အတွင်း အပြီးတည်ဆောက်သွားဖို့ ပုဂ္ဂလိကလုပ်ငန်းရှင်တွေကို လုပ်ကိုင်ခွင့်ပေးထားတယ်လို့ ပြောပါတယ်။ လုပ်ကိုင်ခွင့်ရတဲ့ကုမ္ပဏီတွေအနေနဲ့ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း အပြီးတည်ဆောက်ရမှာဖြစ်ပြီး ပြည်တွင်းလုပ်ငန်းရှင်တွေသာမက ပြည်ပကုမ္ပဏီတွေလည်း လုပ်ကိုင်ခွင့်လျှောက်ထားနိုင်ကြောင်း ပြည်နယ်အစိုးရအဖွဲ့ကပြောပါတယ်။
Recommended