စွမ်းအင်ကဏ္ဍကို နိုင်ငံရေးနှင့်ယှဉ်ပြီး အသုံးချနေဟုဆို
  • 5 years ago
စွမ်းအင်ကဏ္ဍကို နိုင်ငံရေးနှင့်ယှဉ်ပြီး အသုံးချနေဟုဆို
******************************
နိုင်ငံတော်က လာမည့် ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား အပြည့်အ၀ရရှိရေး ဦးတည်ဆောင် ရွက်နေသည်ဟုဆိုသော်လည်း စွမ်းအင်ကဏ္ဍကို နိုင်ငံရေးနှင့် ယှဉ်ကာ အသုံးချနေသည်ဟု မြင်ကြောင်း SaNaR (Save the Natural Resource)မှ ဒါရိုက်တာ ဦးအေပရယ်ကြူကြူက ပြောသည်။

လက်ရှိတွင် နိုင်ငံတော်အနေဖြင့် လျှပ်စစ်ဓာတ်အား ဖြည့်တင်းနိုင်ရေးအတွက် ကျောက်မီးသွေးစက်ရုံ၊ ရေကာ တာများမှ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၆၀၀၀၀ နီးပါးအထိ ထုတ်လုပ်နိုင်ရန် ရည်မှန်းထားပြီး အဆိုပါ များပြား သည့် ပမာဏမှာ ပြည်တွင်း လိုအပ်ချက်ထက် များစွာကျော်လွန်နေကြောင်းလည်း ဦးအေပရယ်ကြူကြူက ထည့်သွင်းပြောဆိုခဲ့သည်။


သတင်းရိုက်ကူး/ တည်းဖြတ်- ရဲနိုင်(လောက်ကိုင်)
သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/57824

Recommended