သဘာဝပတ်ဝန်းကျင်အရေးနဲ့ သမ္မတ Trump

  • 5 years ago
သဘာဝပတ်ဝန်းကျင်အရေးနဲ့ သမ္မတ Trump
****************

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးမှာ အမေရိကန်ပြည်ထောင်စုကို နောက်တန်းရောက်အောင် Trump အစိုးရက လုပ်နေတယ်ဆိုတဲ့ ဝေဖန်ချက်တွေကို ပြန်လည် တုံ့ပြန်တဲ့အနေနဲ့ သမ္မတ Donald Trump က အမေရိကန်ပြည်ထောင်စုမှာ သန့်ရှင်းတဲ့ ရေ နဲ့ လေထု ထိန်းသိမ်းထားရှိနိုင်ဖို့ ကြိုးပမ်းနေတဲ့အကြောင်း တနင်္လာနေ့က အိမ်ဖြူတော်မှာ မိန့်ခွန်းပြောခဲ့ပါတယ်။ ဒါပေမဲ့ ကျွမ်းကျင်ပညာရှင်တွေနဲ့ တက်ကြွလှုပ်ရှား သူတွေကတော့ ဥတုရာသီပြောင်းလဲမှုဆိုင်ရာ ပါရီသဘောတူစာချုပ်ကနေ ပြန်ရုတ်သိမ်းခဲ့တာ အပါအ၀င် သမ္မတ Trump ရဲ့ မူဝါဒတွေဟာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုတွေကို ရှေ့တန်းကနေ အမြဲဦးဆောင်ခဲ့တဲ့ အမေရိကန်ရဲ့ပုံရိပ်ကို ထိခိုက်စေတယ်လို့ ဝေဖန် ပြောဆိုကြ ပါတယ်။ အိမ်ဖြူတော်သတင်းထောက် Patsy Widakuswara ပေးပို့တဲ့သတင်းကို ကိုသားညွှန့်ဦးက ပြောပြပေးပါမယ်။

Recommended