ယုံကြည်မှုထက် အမှန်တရားပေါ် ရပ်တည်သွားမယ်လို့ သရုပ်ဆောင် ဝေဠုကျော်ပြော

  • 5 years ago
ယုံကြည်မှုထက် အမှန်တရားပေါ် ရပ်တည်သွားမယ်လို့ သရုပ်ဆောင် ဝေဠုကျော်ပြော
******************
ကာမလိမ်လည်မှုပုဒ်မ- ၄၁၇ ဖြင့် တရားစွဲခံရသူ သရုပ်ဆောင်ဝေဠုကျော်က ဇန်နဝါရီလ ၂၂ ရက်နေ့၊ မနက်ပိုင်း၊ ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ် တရားရုံးသို့ လာရောက်အစစ်ဆေးခံခဲ့ပြီး တရားရုံးမှ ကျပ်သိန်း ၅ဝ ဖြင့် အချုပ်လွတ် အာမခံပေးလိုက်သည်။

ဝေဠုကျော်အား ကာမလိမ်လည်ရယူခဲ့သည်ဟုဆိုကာ ယခင်က ချစ်သူရည်စားဖြစ်ခဲ့ဖူးသူ အလှမယ်သင်းသင်းက ပြီးခဲ့သည့် ဇန်နဝါရီလ ၈ ရက်နေ့၊ သင်္ဃန်းကျွန်းမြို့နယ်တရားရုံးတွင် ဦးတိုက်လျှောက်တရားစွဲဆိုထားခြင်း ဖြစ်သည်။

သတင်းရိုက်ကူး/ တည်းဖြတ်- ရဲနိုင်(လောက်ကိုင်)

Recommended