သရုပ်မှန်လွန်ဝါဒကို ပုံဖော်ရေးဆွဲထားတဲ့ ပန်းချီပြပွဲ

  • 5 years ago

သရုပ်မှန်လွန်ဝါဒကို ပုံဖော်ရေးဆွဲထားတဲ့ ပန်းချီပြပွဲ
************************
သရုပ်မှန်လွန်ဝါဒလို့ အဓိပ္ပါယ်ရတဲ့ Supernatural Contemporary Art ပြပွဲကို ဇူလိုင်လ ၁၉ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ ရန်ကုန်မြို့၊ OK Gallery မှာ ပြသနေပါတယ်။

သရုပ်မှန်လွန်ဝါဒကို ၁၉၂၃ ခုနှစ်တွင် ပြင်သစ်နိုင်ငံမှာ စတင်ခဲ့တာဖြစ်ပြီး အိမ်မက်ဆန်တဲ့ ရှုခင်းတွေ၊ ပုံသဏ္ဍန် ပျက်ယွင်းနေတဲ့လူပုံတွေ စတဲ့ စိတ်ကူးယဉ်ဆန်သဘာဝလွန်ပုံစံမျိုး ရေးဆွဲထားတာ ဖြစ်ပါတယ်။

ဒီပြပွဲမှာ ပန်းချီဆရာ ၆ ဦးရဲ့ ပန်းချီကား ၂၁ ကားကို ဇူလိုင်လ ၂၃ ရက်နေ့အထိ ပြသထားမှာဖြစ်ပြီး ဈေးနှုန်းတွေကို ဒေါ်လာ ၅၀၀ ကနေ ၁၂၀၀ အထိ သတ်မှတ်ထားပါတယ်။

ပထမအကြိမ် Supernatural Contemporary Art ပြပွဲကို ၂၀၁၈ ခုနှစ် ဇူလိုင်လ ၂၁ ရက်ကနေ ၂၃ ရက်နေ့အထိ ပန်းချီဆရာ ၅ ဦးရဲ့ လက်ရာတွေကို ပြသခဲ့တာပါ။

ရိုက်ကူး၊တည်းဖြတ်-ကရိုင်နူးရာ

#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ

Recommended