ရုပ်သံမီဒီယာလုပ်ငန်းကို စိတ်ဝင်စားတဲ့ မွန်တိုင်းရင်းသားလုပ်ငန်းရှင် ဦးမင်းဗညားစံနှင့် 7minutes

  • 7 years ago
ရုပ်မြင်သံကြားမီဒီယာလုပ်ငန်းကို စိတ်ဝင်စားတဲ့ ပုဂ္ဂလိက လုပ်ငန်းရှင်တွေကို ပြန်ကြားရေးဝန်ကြီး ဌာနက လုပ်ငန်းလုပ်ကိုင်ခွင့်အတွက် စက်တင်ဘာလ ၂၂ ရက်နေ့ နောက်ဆုံးထားပြီး လျှောက်လွှာခေါ်ယူခဲ့ပါတယ်။ လုပ်ကိုင်ခွင့်ရမယ့် ကုမ္ပဏီတွေအနေနဲ့ မြန်မာ့ရုပ်မြင်သံကြား-MRTV Set-up Box မှာ Content Provider ပူးပေါင်းထုတ် လုပ်သူအဖြစ် လုပ်ကိုင်ခွင့်ရမှာပါ။ အခုဆက်ပြီးတော့ 7 minutes အစီအစဉ်ကနေ ရုပ်မြင်သံကြားမီဒီယာလုပ်ငန်းကို စိတ်ဝင်စားတဲ့ ဟင်္သာ စီးပွားရေးလုပ်ငန်းစုရဲ့ အမှုဆောင်အရာရှိချုပ် ဦးမင်းဗညားစံနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်ရှင်။ သူကတော့ ရုပ်သံလုပ်ငန်း ရေရှည်အောင်မြင်ဖို့ အခုကတည်း အရှုံးခံပြီး လုပ်ကိုင်သွားမယ်လို့ ပြောပြထားပါတယ်။

Recommended