တရားမဝင်ငါးဖမ်းမှု ထောင်ဒဏ် ၃နှစ်ထိ အရေးယူခံရနိုင်(ရုပ်/သံ)ဧရာဝတီ ၊ အောက်တိုဘာ ၆ ၊ ၂၀၁၈မွန်ပြည်နယ်တွင် မသမာလောဘဖြင့် ငါးဖမ်းမှုများကြောင့် ငါးသယံဇာတများ မျို

  • 6 years ago
တရားမဝင်ငါးဖမ်းမှု ထောင်ဒဏ် ၃နှစ်ထိ အရေးယူခံရနိုင်(ရုပ်/သံ)

ဧရာဝတီ ၊ အောက်တိုဘာ ၆ ၊ ၂၀၁၈

မွန်ပြည်နယ်တွင် မသမာလောဘဖြင့် ငါးဖမ်းမှုများကြောင့် ငါးသယံဇာတများ မျိုးသုန်းပျောက်ကွယ်လာမည့် အန္တရာယ်နှင့် ကြုံတွေနေရပြီဖြစ်ကြောင်း သိရသည်။

ငါးသယံဇာတများအား မျိုးသုံးပျောက်ကွယ်စေသော ၁ လက်မအောက် ငါးဖမ်းပိုက်များဖြင့် ဖမ်းယူနေမှုကို ထောင်ဒဏ် ၃ နှစ်ထိ ချမှတ်နိုင်သော ဥပဒေပုဒ်မဖြင့် အရေးယူသွားမည်ဟု မွန်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ပြောဆိုသည်။

လက်ရှိတွင် စစ်တောင်းမြစ်အတွင်း ၁ လက်မအောက် ငါးဖမ်းပိုက်ချက်များကို ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ရာတွင် ပိုက်ချက်စုစုပေါင်းအရှည်မှာ ၁၅ မိုင်ဝန်းကျင်ထိ ရှိခဲ့ကြောင်း သိရသည်။

ရိုက်ကူး/ တည်းဖြတ်- ဥာဏ်စိုးဝင်း

Recommended