ရန်ကုန်မြို့ရှိ လယ်မြေများ သိန်းထောင်ချီ တန်သည်ဆိုသော်လည်း ဝယ်မည့်သူ မရှိဟုဆို (ရုပ်/သံ)ဧရာဝတီ၊ အောက်တိုဘာ ၃၊ ၂၀၁၈ရန်ကုန်မြို့တွင် လယ်မြေ အငြင်းပွားမှုဆိုင်ရ
  • 6 years ago
ရန်ကုန်မြို့ရှိ လယ်မြေများ သိန်းထောင်ချီ တန်သည်ဆိုသော်လည်း ဝယ်မည့်သူ မရှိဟုဆို (ရုပ်/သံ)

ဧရာဝတီ၊ အောက်တိုဘာ ၃၊ ၂၀၁၈

ရန်ကုန်မြို့တွင် လယ်မြေ အငြင်းပွားမှုဆိုင်ရာ ကိစ္စများကို စနစ်တကျ စီမံခန့်ခွဲနိုင်ပါက မြေတန်ဖိုးလည်း စနစ်တကျ ဖြစ်လာ နိုင်ကြောင်း၊ ယခုအခါ လယ်များ၊ မြေများမှာ သိန်းရာထောင်ချီ၍ တန်နေသော်လည်း လယ်များကိုမူ သိန်းရာထောင်ချီ၍ မည်သူမျှ ဝယ်မည် မဟုတ်ကြောင်း ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

“ဒီ လယ်၊ ယာ၊ မြေ အငြင်းပွားမှုကိစ္စရပ်တွေနဲ့ လယ်၊ယာ၊ မြေ စနစ်တကျ စီမံခန့်ခွဲနိုင်မှုတွေကို လုပ်မယ်ဆိုရင်တော့ မြေရဲ့ တန်ဖိုး ကလည်း စနစ်တကျ ဖြစ်လာနိုင်ပါတယ်။ အခုဟာက အချို့လယ်၊ မြေတွေက သိန်းရာနဲ့ချီ ထောင်နဲ့ချီ တန်နေတာဆိုတာဟာ လယ်အတွက်တော့ သိန်းရာနဲ့ ချီ၊ ထောင်နဲ့ချီပြီး ဘယ်သူမှ ဝယ်မှာမဟုတ်ပါဘူး”ဟု ၄င်းက ပြောသည်။

ယခုအခါ အမျိုးသား မြေအသုံးချမှု မူဝါဒတခုကို နိုင်ငံတော်အဆင့်က ဦးဆောင်ရေးဆွဲနေပြီး တိုင်းနှင့် ပြည်နယ်များကလည်း ဒေသ အလိုက် ဆောင်ရွက်သင့်သည့် မူဝါဒများကို ဆောင်ရွက်နိုင်ရန် ကြိုးစားသွားမည် ဖြစ်ကြောင်း၊ ရန်ကုန်မြို့ကို မြို့ပြစီမံကိန်းဖြင့် စနစ် တကျ ဆောင်ရွက်နိုင်ရန် Mapping ရေးဆွဲလျက်ရှိကြောင်း သိရသည်။

ရိုက်ကူး - ထက်နိုင်ဇော်/ဧရာဝတီ
Recommended