လမ်းတံတား ဥပ​ဒေဖြင့်​ တရားစွဲခံရသော အောင်သပြေကျေးရွာ ဒေသခံများကို အာမခံပယ်​ချ (ရုပ်/သံ)ဧရာဝတီ၊ စက်တင်ဘာ ၂၇၊ ၂၀၁၈ပုသိမ်​ကြီးမြို့နယ်​တရားရုံးတွင်​ လမ်းတံတ

  • 6 years ago
လမ်းတံတား ဥပ​ဒေဖြင့်​ တရားစွဲခံရသော အောင်သပြေကျေးရွာ ဒေသခံများကို အာမခံပယ်​ချ (ရုပ်/သံ)

ဧရာဝတီ၊ စက်တင်ဘာ ၂၇၊ ၂၀၁၈

ပုသိမ်​ကြီးမြို့နယ်​တရားရုံးတွင်​ လမ်းတံတား ဥပ​ဒေဖြင့်​တရားစွဲဆိုခံထားရ​သော ​အောင်​သ​ပြေ​ကျေးရွာမှ ​ဒေသခံ​တောင်​သူများ အာမခံ​လျောက်​ထားမှုကို ခရိုင်​တရားရုံးက ပယ်​ချလိုက်​​ကြောင်းသိရသည်​။

အဆိုပါအမှုကို အာမခံမ​ပေးဘဲ အိုးဘို​ထောင်​အချုပ်​ဖြင့်​သာ ဆက်​လက်​တရားရင်​ဆိုင်​သွားရန်​နှင့်​ ​အောက်​တိုဘာ ၃ရက်​​တွင် ရုံးထုတ်​စစ်​​ဆေးသွားမှာဖြစ်​​ကြောင်းသိရသည်​​။

လမ်းပေါ်ကျူးကျော်၍ ခြံစည်းရိုးခတ်သည်ဟုဆိုကာ အောင်သပြေကျေးရွာမှ ဒေသခံ ၄ ဦးကို လမ်းများ၊ တံတာများ ဥပဒေပုဒ်မ ၂၂/၂၃ ဖြင့်လည်း​ကောင်း၊ ငြိမ်းစုစီ ပုဒ်​မ ၁၉ ဖြင့်​ ၈ ဦးတို့ကို ပုသိမ်​ကြီးမြို့နယ်​တရားရုံးတွင်​ တရားစွဲဆို ခံထားရသည်​။

၎င်းမြင့်ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီမှ တည်ဆောက်နေသည့် ကျောက်မီးသွေးစွမ်းအင်သုံးဘိလပ်မြေစက်ရုံ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု ၊ လေထုညစ်ညမ်းမှုများ ဖြစ်ပေါ်လာနိုင်ခြင်းတို့ကြောင့် ဒေသခံများက ကန့်ကွက်နေကြကြောင်းသိရသည်။

ရိုက်ကူး - ဇော်ဇော်

Recommended