မောင်စိန်ဝင်း (ပုတီးကုန်း) နှင့် အတူ သောကခြေရာကို ရှာဖွေခြင်း (ရုပ်/သံ)ဧရာဝတီ၊ သြဂုတ် ၂၅၊ ၂၀၁၈၁၉၉၀ ခုနှစ် တ၀ိုက်က လူငယ်တွေအပေါ် ကဗျာ၊ စာပေနဲ့ လွှမ်းမိုးမှု ရ

  • 6 years ago
မောင်စိန်ဝင်း (ပုတီးကုန်း) နှင့် အတူ သောကခြေရာကို ရှာဖွေခြင်း (ရုပ်/သံ)

ဧရာဝတီ၊ သြဂုတ် ၂၅၊ ၂၀၁၈

၁၉၉၀ ခုနှစ် တ၀ိုက်က လူငယ်တွေအပေါ် ကဗျာ၊ စာပေနဲ့ လွှမ်းမိုးမှု ရှိခဲ့တဲ့ စာရေးဆရာ မောင်စိန်ဝင်း (ပုတီးကုန်း) နဲ့ တွေ့ဆုံကာ စာပေဘ၀ ဖြတ်သန်းမှု၊ စက်မှုတက္ကသိုလ်(RIT) ကျောင်းသားဘ၀ ဒီကနေ့ လူသိများလာတဲ့ မဇ္စိုမလှိုင်း တေးဂီတ အဖွဲ့က အဆိုတော် ခင်မောင်တိုး၊ ရဲလွင် (ပန်းခရမ်းပြာ)၊ မောင်မောင် (အဉ္စလီ) တို့နဲ့ တွဲဖက်ကာ ဂီတနဲ့ ကဗျာ ဆက်နွယ်ပေါင်းစပ်မှု၊ ကျွန်မ ချစ်မိ အပြစ်ရှိ၊ ခပ်စိမ်းစိမ်း နေပါ့မယ်၊ မျက်ဝန်းထဲမှာ မိုးရွာပြီ ညို၊ အကြွေပန်းပေမယ့် ရွှေနန်းတော့ ထိုက်ချင်တယ် သူ့ရဲ့ ၀တ္တုတွေကို ရုပ်ရှင် ရိုက်စဉ်က အကြောင်း၊ ယနေ့ခေတ် စာပေဟောပြောပွဲ စင်မြင့် စတာတွေကို ဧရာဝတီက တွေ့ဆုံမေးမြန်းထားပါတယ်။

အခုတင်ဆက်မယ့် ပထမပိုင်းမှာတော့ စာပေဘ၀ဖြတ်သန်းမှုနဲ့ အဆိုတော် ခင်မောင်တိုး သီဆိုခဲ့တဲ့ “ချစ်သူသိစေ”၊ “သမုဒယကျောင်း”စတဲ့ သီချင်းတွေနဲ့ ပတ်သက်ပြီး ပါဝင်မှာဖြစ်ပါတယ်။

တွေ့ဆုံမေးမြန်း - ရန်ပိုင်
ရိုက်ကူး / တည်းဖြတ် - ငြိမ်းဇော်

Recommended