ကျိုက်မရောမြို့နယ် ရေဘေးသင့်ပြည်သူ ၂သောင်းကျော်ရှိနေ (ရုပ်/သံ)ဧရာဝတီ ၊ ဇူလိုင် ၃ ၊ ၂၀၁၈မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင် အတ္တရံမြစ်ရေသည် စိုးရိမ်ရေအမှတ်ကို
  • 6 years ago
ကျိုက်မရောမြို့နယ် ရေဘေးသင့်ပြည်သူ ၂သောင်းကျော်ရှိနေ (ရုပ်/သံ)

ဧရာဝတီ ၊ ဇူလိုင် ၃ ၊ ၂၀၁၈

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင် အတ္တရံမြစ်ရေသည် စိုးရိမ်ရေအမှတ်ကို မကျော်လွန်သေးသော်လည်း ကျေးရွာ ၂၀ကျော် ရေနစ်မြုပ်နေပြီး ရေဘေးသင့်ပြည်သူ ၂သောင်းကျော် ရှိနေကြောင်း သိရသည်။

ကျိုက်မရောမြို့နယ်တွင် ရေဘေးကယ်ဆယ်ရေးစခန်း ၄ ခုဖွင့်ထားသည်။ ကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်းလုပ်သားအများစု ပြောင်းရွှေ့နေထိုင်ကြပြီး ပြောင်းရွှေ့ခြင်းမရှိသော ဒေသခံများအတွက် စားနပ်ရိက္ခာများ ၊ဆန်၊ ဆီ၊ ဆား၊ ခေါက်ဆွဲခြောက်နှင့် ငါးသေတ္တာ၊ သောက်ရေသန့် များကို စက်လှေများနှင့် ပို့ဆောင်ပေးကြောင်း သိရသည်။

ရိုက်ကူး/ တည်းဖြတ်- ဥာဏ်စိုးဝင်း
Recommended