ေအာင္ရဲေထြးအမႈ ခ႐ိုင္ရံုးမွာ ျပန္စစ္ဖို႔ အမိန္႔ခ်စက္တင္ဘာ ၂၄၊ ၂၀၁၈သ႐ုပ္ေဆာင္ ေအာင္ရဲေထြးအမႈကို အေ႐ွ႔ပိုင္းခ႐ိုင္ တရားရံုးမွာ ျပန္လည္စစ္ေဆးဖို႔ ဒီေန႔ေန႔လယ္ပိ

  • 6 years ago
ေအာင္ရဲေထြးအမႈ ခ႐ိုင္ရံုးမွာ ျပန္စစ္ဖို႔ အမိန္႔ခ်

စက္တင္ဘာ ၂၄၊ ၂၀၁၈

သ႐ုပ္ေဆာင္ ေအာင္ရဲေထြးအမႈကို အေ႐ွ႔ပိုင္းခ႐ိုင္ တရားရံုးမွာ ျပန္လည္စစ္ေဆးဖို႔ ဒီေန႔ေန႔လယ္ပိုင္းက အမိန္႔ခ်မွတ္လိုက္ပါတယ္။

အေ႐ွ႔ပိုင္းခ႐ိုင္ တရားရံုးက ခ်မွတ္ခဲ့တဲ့ လႊတ္ေပးမိန္႔ကို ပယ္ဖ်က္လိုက္တာပါ။

ဒီအမွုအတြက္ ျပည္ေထာင္စုေ႐ွ႔နခ်ဳပ္ရဲ႔ ၫြန္ၾကားခ်က္နဲ႔ ရန္ကုန္တိုင္း ဥပေဒရံုးက ျပင္ဆင္ခ်က္တင္သြင္းခဲ့တာ ျဖစ္ပါတယ္။

လြန္ခဲ့တဲ့ ဒီဇင္ဘာလ ႏွစ္သစ္ကူးညမွာ သ႐ုပ္ေဆာင္ေအာင္ရဲေထြးကို သားႀကီး ခ သန္းထြဋ္ေအာင္ အပါ ၃ ဦးက ႐ိုက္ႏွက္ခဲ့ၾကတာေတာ့ အဲ့ဒီဒဏ္ရာေတြနဲ႔ပဲ ေဆးရံုအေရာက္မွာ ေသဆံုးသြားခဲ့ရတာ ျဖစ္ပါတယ္။

အဲဒီအတြက္ သားႀကီး ခ သန္းထြဋ္ေအာင္ အပါ သံုးဦးကုိ လူသတ္မႈ နဲ႔ တရားစြဲဆိုထားၿပီး ၊ ရံုးခ်ိန္းစစ္ေဆးေနစဥ္မွာပဲ တရားလိုဘက္က အမႈ႐ုတ္သိမ္းခဲ့တာေၾကာင့္ အမႈကေန ကြင္းလံုးကြၽတ္လြတ္ေျမာက္လာခဲ့တာ ျဖစ္ပါတယ္။

ဒါေပမယ့္ ၿပီးခဲ့တဲ့ လပိုင္းက ႏိုင္ငံေတာ္သမၼတရဲ႕ အမိန္႔နဲ႔ ျပန္လည္စစ္ေဆးဖို႔ အမိန္႔ခ်မွတ္ခဲ့တာေၾကာင့္ ျပန္လည္စစ္ေဆးခဲ့ၿပီး၊ တရားသူႀကီး အပါအဝင္ အမႈနဲ႔ သတ္ဆိုင္သူ ၆ ဦးကိုလည္း အဂတိပုဒ္မေတြနဲ႔ အေရးယူထားတာပဲ ျဖစ္ပါတယ္။

သတင္းေထာက္-ယဥ္မြန္

Unicode

အောင်ရဲထွေးအမှု ခရိုင်ရုံးမှာ ပြန်စစ်ဖို့ အမိန့်ချ

စက်တင်ဘာ ၂၄၊ ၂၀၁၈

သရုပ်ဆောင် အောင်ရဲထွေးအမှုကို အရှေ့ပိုင်းခရိုင် တရားရုံးမှာ ပြန်လည်စစ်ဆေးဖို့ ဒီနေ့နေ့လယ်ပိုင်းက အမိန့်ချမှတ်လိုက်ပါတယ်။

အရှေ့ပိုင်းခရိုင် တရားရုံးက ချမှတ်ခဲ့တဲ့ လွှတ်ပေးမိန့်ကို ပယ်ဖျက်လိုက်တာပါ။

ဒီအမှုအတွက် ပြည်ထောင်စုရှေ့နချုပ်ရဲ့ ညွန်ကြားချက်နဲ့ ရန်ကုန်တိုင်း ဥပဒေရုံးက ပြင်ဆင်ချက်တင်သွင်းခဲ့တာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ဒီဇင်ဘာလ နှစ်သစ်ကူးညမှာ သရုပ်ဆောင်အောင်ရဲထွေးကို သားကြီး ခ သန်းထွဋ်အောင် အပါ ၃ ဦးက ရိုက်နှက်ခဲ့ကြတာတော့ အဲ့ဒီဒဏ်ရာတွေနဲ့ပဲ ဆေးရုံအရောက်မှာ သေဆုံးသွားခဲ့ရတာ ဖြစ်ပါတယ်။

အဲဒီအတွက် သားကြီး ခ သန်းထွဋ်အောင် အပါ သုံးဦးကို လူသတ်မှု နဲ့ တရားစွဲဆိုထားပြီး ၊ ရုံးချိန်းစစ်ဆေးနေစဉ်မှာပဲ တရားလိုဘက်က အမှုရုတ်သိမ်းခဲ့တာကြောင့် အမှုကနေ ကွင်းလုံးကျွတ်လွတ်မြောက်လာခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ လပိုင်းက နိုင်ငံတော်သမ္မတရဲ့ အမိန့်နဲ့ ပြန်လည်စစ်ဆေးဖို့ အမိန့်ချမှတ်ခဲ့တာကြောင့် ပြန်လည်စစ်ဆေးခဲ့ပြီး၊ တရားသူကြီး အပါအဝင် အမှုနဲ့ သတ်ဆိုင်သူ ၆ ဦးကိုလည်း အဂတိပုဒ်မတွေနဲ့ အရေးယူထားတာပဲ ဖြစ်ပါတယ်။
သတင်းထောက်-ယဉ်မွန်

Recommended