SME လုပ္ငန္းေတြ တိုးတက္ဖို႕ အစိုးရက ေထာက္ပ့ံဖို႕လိုအပ္ေန စက္တင္ဘာ - ၂၉၊ ၂၀၁၈အေသးစားနဲ႕ အလတ္စား စီးပြားေရးလုပ္ငန္းရွင္ေတြအတြက္ ရည္ရြယ္ၿပီး ဒီေန႔ စက္တင္ဘာလ ၂၉

  • 6 years ago
SME လုပ္ငန္းေတြ တိုးတက္ဖို႕ အစိုးရက ေထာက္ပ့ံဖို႕လိုအပ္ေန

စက္တင္ဘာ - ၂၉၊ ၂၀၁၈

အေသးစားနဲ႕ အလတ္စား စီးပြားေရးလုပ္ငန္းရွင္ေတြအတြက္ ရည္ရြယ္ၿပီး ဒီေန႔ စက္တင္ဘာလ ၂၉ ရက္ေန႔ ေန႔လယ္ပိုင္းက ရန္ကုန္ၿမိဳ႕ SME Center မွာ စေနေန႔ စကား၀ိုင္း တစ္ခု ျပဳလုပ္ခဲ့ပါတယ္။

SME လုပ္ငန္းေတြ ဖြံ႕ၿဖိဳးတိုးတက္မႈအတြက္ လုိအပ္တဲ့ အေတြ႕အႀကံဳေတြ၊ ဗဟုသုတေတြနဲ႔ သတင္းအခ်က္အလက္ေတြ ျပန္လည္ျဖန္႔ေ၀နိုင္ေစဖို႔နဲ႔ ျမန္မာ SME ေတြ ရွင္သန္ဖြံ႕ၿဖိဳးတိုးတက္ေစမယ့္ မူ၀ါဒေကာင္းေတြ ေပၚေပါက္ေစဖို႔ ဒီစကား၀ိုင္းေတြက ရည္ရြယ္တယ္လို႔ ကုန္သည္မ်ားနဲ႕ စက္မႈ လက္မႈ လုပ္ငန္းရွင္မ်ားအသင္းခ်ဳပ္၊ အေထြေထြအတြင္းေရးမွဴးခ်ဳပ္ ဦးေအာင္ၾကည္စိုးက ေျပာပါတယ္။

ဒီေန႔ ေဆြးေႏြးပြဲမွာေတာ့ SME လုပ္ငန္းရွင္ေတြအတြက္ ေငြေၾကးအရင္းအႏွီးေတြ၊ နည္းပညာပိုင္းေတြနဲ႔ ေစ်းကြက္ခ်ိတ္ဆက္မႈစတဲ့ လိုအပ္ခ်က္ေတြအျပင္ အစိုးရအေနနဲ႔လည္း မူ၀ါဒပိုင္းဆိုင္ရာ အေၾကာင္းအရာေတြ ေဆာင္ရြက္ေပးဖို႔ လိုအပ္တာေတြကိုလည္း ေထာက္ျပေျပာဆိုခဲ့ၾကပါေသးတယ္။

ဒီေန႔ ေဆြးေႏြးပြဲကိုေတာ့ သက္ဆိုင္ရာနယ္ပယ္အသီးသီးက ပညာရွင္ေတြနဲ႔အတူ၊ အေသးစား အလတ္စား လုပ္ငန္းရွင္ ၉၀ ခန္႔က တက္ေရာက္ခဲ့ၾကၿပီး၊ ေမးခြန္းေမးျမန္းတာေတြနဲ႔ အခက္အခဲေတြနဲ႔ လိုအပ္ခ်က္ေတြကို ေျပာၾကားခဲ့တာပဲ ျဖစ္ပါတယ္။

ရုပ္သံသတင္းေထာက္ - ယဥ္မြန္

(Unicode)

SME လုပ်ငန်းတွေ တိုးတက်ဖို့ အစိုးရက ထောက်ပ့ံဖို့လိုအပ်နေ

စက်တင်ဘာ - ၂၉၊ ၂၀၁၈

အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းရှင်တွေအတွက် ရည်ရွယ်ပြီး ဒီနေ့ စက်တင်ဘာလ ၂၉ ရက်နေ့ နေ့လယ်ပိုင်းက ရန်ကုန်မြို့ SME Center မှာ စနေနေ့ စကားဝိုင်း တစ်ခု ပြုလုပ်ခဲ့ပါတယ်။

SME လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ်တဲ့ အတွေ့အကြုံတွေ၊ ဗဟုသုတတွေနဲ့ သတင်းအချက်အလက်တွေ ပြန်လည်ဖြန့်ဝေနိုင်စေဖို့နဲ့ မြန်မာ SME တွေ ရှင်သန်ဖွံ့ဖြိုးတိုးတက်စေမယ့် မူဝါဒကောင်းတွေ ပေါ်ပေါက်စေဖို့ ဒီစကားဝိုင်းတွေက ရည်ရွယ်တယ်လို့ ကုန်သည်များနဲ့ စက်မှု လက်မှု လုပ်ငန်းရှင်များအသင်းချုပ်၊ အထွေထွေအတွင်းရေးမှူးချုပ် ဦးအောင်ကြည်စိုးက ပြောပါတယ်။

ဒီနေ့ ဆွေးနွေးပွဲမှာတော့ SME လုပ်ငန်းရှင်တွေအတွက် ငွေကြေးအရင်းအနှီးတွေ၊ နည်းပညာပိုင်းတွေနဲ့ စျေးကွက်ချိတ်ဆက်မှုစတဲ့ လိုအပ်ချက်တွေအပြင် အစိုးရအနေနဲ့လည်း မူဝါဒပိုင်းဆိုင်ရာ အကြောင်းအရာတွေ ဆောင်ရွက်ပေးဖို့ လိုအပ်တာတွေကိုလည်း ထောက်ပြပြောဆိုခဲ့ကြပါသေးတယ်။

ဒီနေ့ ဆွေးနွေးပွဲကိုတော့ သက်ဆိုင်ရာနယ်ပယ်အသီးသီးက ပညာရှင်တွေနဲ့အတူ၊ အသေးစား အလတ်စား လုပ်ငန်းရှင် ၉၀ ခန့်က တက်ရောက်ခဲ့ကြပြီး၊ မေးခွန်းမေးမြန်းတာတွေနဲ့ အခက်အခဲတွေနဲ့ လိုအပ်ချက်တွေကို ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။

ရုပ်သံသတင်းထောက် - ယဉ်မွန်

Recommended