စက်တင်ဘာ ၂၉ ရက် နံနက်ခင်း သတင်းအစီအစဉ် (နံနက် ၇ နာရီခွဲ တိုက်ရိုက် ထုတ်လွှင့်မှု)■ ထွက်ပြေး တိမ်းရှောင်သွားသော ဘင်္ဂါလီများအား ပြန်လည်လက်ခံရေး အပါအ၀င် နှစ်နိုင်ငံ

  • 6 years ago
စက်တင်ဘာ ၂၉ ရက် နံနက်ခင်း သတင်းအစီအစဉ် (နံနက် ၇ နာရီခွဲ တိုက်ရိုက် ထုတ်လွှင့်မှု)

■ ထွက်ပြေး တိမ်းရှောင်သွားသော ဘင်္ဂါလီများအား ပြန်လည်လက်ခံရေး အပါအ၀င် နှစ်နိုင်ငံဆက်ဆံရေးကိစ္စရပ်များ ဆွေးနွေးရန် မြန်မာကိုယ်စားလှယ်အဖွဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်မည်

■ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို အလေးပေး ဆောင်ရွက်လျက်ရှိပြီး ပြစ်မှုကျူးလွန်သူများအား ဥပဒေနှင့်အညီ အရေးယူမှုများ ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်

■ မန္တလေးမြို့၇၄လမ်း၂၈×၂၉ ကြား စိတ္တရမဟီရပ်ကွက် ဘုရားပွဲကျင်းပပြုလုပ်နေရာ အနီးတွင် ဆိုင်ကယ်ပေါက်ကွဲမှု ဖြစ်ပွားခဲ့

■ ငွေကျပ်သုံးရာ ခိုးယူခဲ့သည်ဟုဆိုကာ တရားစွဲဆို ခံထားရသော ကလေးသုံးဦးအား တောင်ဒဂုံမြို့နယ် ဥပဒေရုံးက စွဲချက်တင်ရန် မသင့်ဟု ဆုံးဖြတ်လိုက်ခြင်းကြောင့် အမှုမှ ကွင်းလုံးကျွတ် လွတ်မြောက်

■ ၂၇ နှစ်အတွင်း မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ အလုပ်သမားဦးရေ ၂ ဒဿမ ၆ သန်း တရားဝင် စေလွှတ်ခဲ့ရာ ထိုင်းနိုင်ငံသို့ အများဆုံး သွားရောက်ခဲ့

■ ကသာမြို့နယ်အတွင်း ဧရာဝတီမြစ်ကြောင်းတွင် ကာလတန်ဖိုး ကျပ်သိန်း တစ်ထောင်ကျော် တန်ဖိုးရှိ တရားမ၀င် သယ်ဆောင်လာသည့် နွားအကောင် ငါးရာကျော် ဖမ်းမိ

■ ပြည်ပသို့ တိမ်းရှောင်နေသည့် ယင်လတ်အနေဖြင့် ဒူဘိုင်းသို့ ရောက်ရှိနေဟု ထိုင်းဝန်ကြီးချုပ် အတည်ပြု

■ ဘင်္ဂါလီများကို အကြမ်းဖက်သမားများအဖြစ် အသုံးချလာနိုင်ကြောင်း အိန္ဒိယနိုင်ငံပြည်နယ်ဝန်ကြီးချုပ် ပြောကြား

■ မက္ကဆီကိုနိုင်ငံတွင် တစ်လအတွင်း ဖြစ်ပွားခဲ့သည့် သဘာဝဘေးအန္တရာယ်များကြောင့် လူပေါင်း ၄၀၀ ကျော် သေဆုံးခဲ့ပြီး စီးပွားရေးအရ ဆုံးရှုံးမှုများစွာ ဖြစ်ပေါ်ခဲ့

■ အာဆင်နယ်၊ အေစီမီလန်၊ လာဇီယို၊ ဇင်းနစ်၊ နိုက်စ်တို့ နှစ်ပွဲဆက် အနိုင်ရခဲ့ကြသည့် ယူရိုပါလိဂ် အုပ်စုပွဲစဉ်များ

Recommended