ပြည် နှင့် သာယာဝတီခရိုင်တွင် စာမတတ်သူများကို အသုံးလုံး သင်တန်းပေး (ရုပ်/သံ)

  • 6 years ago
ဧရာဝတီ ၊ အောက်တိုဘာ ၁၆ ၊ ၂၀၁၈

ပဲခူးတိုင်းအနောက်ပိုင်း ပြည်ခရိုင် အတွင်းက ပေါင်းတည်၊ ပေါက်ခေါင်းမြို့နယ် နဲ့ သာယာဝတီခရိုင်အတွင်းက သာယာဝတီ၊ လက်ပံတန်းနဲ့ အုတ်ဖို့မြို့နယ်တွေမှာရှိတဲ့ စာမတတ်သူတွေ စာတက်မြောက်စေဖို့ အခြေခံစာတက်မြောက်ရေးလုပ်ငန်းဖွင့်ပွဲကို ပြည်မြို့ သီရိခေတ္တရာမြို့တော်ခန်းမမှာ အောက်တိုဘာ ၁၅ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။

အခမ်းအနားကို ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ပဲခူးတိုင်း ဝန်ကြီးချုပ်ဦးဝင်းသိန်းတို့ တက်ရောက်ခဲ့ကြပြီး ပြည်ခရိုင်နဲ့ သာယာဝတီခရိုင် ၅ မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၁၉၇ မှာ စာသင်ကြားသူ ၂၁၀၈ ဦးကို ပြည် ပညာရေးကောလိပ်နဲ့ ပြည်ဝိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ်မှ ကျောင်းသူ၊ ကျောင်းသား ၄၀၀ ကျော်ကနေ ရက် ၄၀ ကြာ စာသင်ဝိုင်းနဲ့ အခြေခံစာတက်မြောက်ရေး သင်ကြားပေးသွားမှာဖြစ်ပါတယ်။

ရိုက်ကူး- ကောင်းမြတ်မင်း

တည်းဖြတ်- ဝေယံမိုးမြင့်

Recommended