ဒေါက်တာအေးမောင်အမှု ဘယ်အ​ခြေအ​နေ ရောက်နေပြီလဲ (ရုပ်/သံ)ဧရာဝတီ၊ ဇူလိုင် ၂၄ ၊ ၂၀၁၈ကြီးလေးသော ပုဒ်မများဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသော ဒေါက်တာအေးမောင်နှင့် စာေ

  • 6 years ago
ဒေါက်တာအေးမောင်အမှု ဘယ်အ​ခြေအ​နေ ရောက်နေပြီလဲ (ရုပ်/သံ)

ဧရာဝတီ၊ ဇူလိုင် ၂၄ ၊ ၂၀၁၈

ကြီးလေးသော ပုဒ်မများဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသော ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့အမှု ၃မှုအနက် နိုင်ငံတော်ပုန်ကန်မှုနှင့် နိုင်ငံတော် အကြည် အညိုပျက်စေမှု ၂ မှုတွင် တရားလိုပြသက်သေ စစ်ဆေးမှု ပြီးစီးသွားပြီ ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်ပုန်ကန်မှုနှင့် နိုင်ငံတော်အကြည်အညိုပျက်စေမှုတို့တွင် တရားလိုဘက်က သက်သေ ၆ ဦးတင်ပြထားခဲ့ရာတွင် ဇူလိုင်လ ၂၃ ရက်နေ့ ၁၈ ကြိမ်မြောက် ရုံးချိန်းတွင် ၄ ဦးမြောက် လိုပြသက်သေအဖြစ် ရသေ့တောင်မြို့နယ် ရဲတပ်ဖွဲ့မှ ဒုတပ်ကြပ် ဝင်းနိုင် ကို စစ်ဆေးခဲ့ပြီး ကျန်လိုပြသက်သေ ၂ ဦးတွင် ရဲအုပ်သန်းရွှေမှာ ကွယ်လွန်သွားပြီဖြစ်ပြီး စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့မှ တပ်ကြပ်ကြီး သန်းအေးကိုလည်း နိုင်ငံတော်ဘက် သက်သေစာရင်းမှ ပယ်လိုက်သည့်အတွက် တရားလိုပြ သက်သေများ စစ်ဆေးမှုမှာ ပြီးစီးသွားပြီး ဖြစ်ကြောင်းလည်း အကျိုး ဆောင်ရှေ့နေများက ဆိုသည်။

ယခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့က ရသေ့တောင်မြို့၌ ကျင်းပသော ရခိုင်နိုင်ငံတော် အချုပ်အခြာအာဏာကျဆုံးခြင်း ဝမ်းနည်းမှု အထိမ်းအမှတ် စာပေဟောပြောပွဲနှင့် ပတ်သက်ပြီး ဒေါက်တာ အေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့၏ ဟောပြောချက်များသည် ဥပဒေနှင့် မလွတ်ကင်း ဟုဆိုကာ အစိုးရက နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၂ ၊ နိုင်ငံတော်အကြည်ညို ပျက်စေမှုပုဒ်မ ၅၀၅ ( ခ ) ၊ မတရားအသင်း အက်ဥပဒေ ပုဒ်မ ၁၇ ( ၁ ) ၊ တို့နှင့် အမှုဖွင့်ကာ ဖမ်းဆီး တရားစွဲဆိုခဲ့ခြင်းလည်း ဖြစ်သည်။

ရိုက်ကူး- မင်းအောင်ခိုင်

Recommended