လပွတ္တာမြို့တည်ထောင်ခြင်း နှစ် ၁၀၀ အကြိုပွဲ (ရုပ်/သံ)ဧရာဝတီ ၊ ဇူလိုင် ၃၀ ၊ ၂၀၁၈ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့တည်ထောင်ခြင်း နှစ် ၁၀၀ ပြည့်ပွဲကို ကြိုဆိုသည့်

  • 6 years ago
လပွတ္တာမြို့တည်ထောင်ခြင်း နှစ် ၁၀၀ အကြိုပွဲ (ရုပ်/သံ)

ဧရာဝတီ ၊ ဇူလိုင် ၃၀ ၊ ၂၀၁၈

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့တည်ထောင်ခြင်း နှစ် ၁၀၀ ပြည့်ပွဲကို ကြိုဆိုသည့် အထိမ်းအမှတ်အဖြစ် ဆွမ်းကြီးလောင်းလှူပွဲကို ယမန်နေ့က လပွတ္တာမြို့တွင် ကျင်းပခဲ့ရာ လပွတ္တာမြို့သူမြို့သားများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် ဌာနဆိုင်ရာများ ပါဝင်ဆင်နွှဲ၍ လှူဒါန်းမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

ယမန်နေ့ နံနက်ပိုင်း ဆွမ်းလောင်းပွဲကျင်းပချိန်တွင် မိုးရွာသွန်းခဲ့သော်လည်း လပွတ္တာမြို့ပေါ်ရှိ စာသင်တိုက် ၄၃ ခုနှင့် ကျေးရွာများရှိ စာသင်တိုက် ၃ ခုမှ ဆရာတော်၊ သံဃာတော်အပါး ၃၈၃ ပါး အလှူခံကြွရောက်ခဲ့ပြီး လပွတ္တာမြို့သူ မြို့သားများမှာလည်း မိုးရွာထဲမှာပင် ဆွမ်းလောင်းပွဲကို ပါဝင်ဆင်နွှဲလှူဒါန်းခဲ့ကြသည်။

လပွတ္တာမြို့အား အင်္ဂလိပ်အစိုးရလက်ထက် ၁၉၁၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိ ၂၀၁၈ ခုနှစ်တွင် မြို့တည်ထောင်ခြင်း နှစ် ၁၀၀ ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။

ရိုက်ကူး- ဆလိုင်းသန့်စင်

Recommended