တောဝက် အသင်းသားတွေကို မိဘရင်ခွင်ပြန်အပ်နှံဧရာဝတီ၊ ဇူလိုင် ၁၉၊ ၂၀၁၈ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ဆေးရုံကြီးမှာ တပတ်ကျော်အကြာ ဆေးကုသမှု ခံယူခဲ့ရတဲ့ တောဝက

  • 6 years ago
တောဝက် အသင်းသားတွေကို မိဘရင်ခွင်ပြန်အပ်နှံ

ဧရာဝတီ၊ ဇူလိုင် ၁၉၊ ၂၀၁၈

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ဆေးရုံကြီးမှာ တပတ်ကျော်အကြာ ဆေးကုသမှု ခံယူခဲ့ရတဲ့ တောဝက်အသင်းသားတွေကို ဇူလိုင်လ ၁၈ ရက်နေ့မှာ ဆေးရုံတာဝန်ရှိသူတွေက မိဘတွေထံကို ပြန်လည်အပ်နှံခဲ့ပါတယ်။

တောဝက်အသင်းသားတွေဟာ ထမ့်လုံလှိုဏ်ဂူထဲမှာ စတင်ပျောက်ဆုံးခဲ့ပြီးတဲ့နောက် ရက်ပေါင်း ၂၀ ကျော် အကြာမှာ မိဘအိမ်ကို ပထမဆုံး ပြန်ရောက်ရှိကြတာဖြစ်ပါတယ်။

အိမ်မပြန်ခင် သတင်းစာရှင်းလင်းပွဲမှာ တောဝက် အသင်းသားတွေက ဂူထဲကိုသွားမယ့် အကြောင်း ပြောမသွားခဲ့မိတဲ့ အတွက် မိဘတွေကို မီဒီယာတွေရှေ့မှာဘဲ တောင်းပန်ခဲ့ကြပါတယ်။

တောဝက်အသင်းသားတွေကို ဂူထဲမှာ ပြန်တွေစဉ်က အဟာရဓာတ် ပြတ်လပ်မှုကို ခံခဲ့ရတဲ့ ခန္ဓာကိုယ်တွေဟာ ဆေးရုံက ပြန်ဆင်းလာတဲ့ အချိန်မှာ ရုပ်ပိုင်းဆိုင်ရာအရ မူလက ပုံစံကို ပြန်တွေ့ရပါတယ်။

ချင်းရိုင်ဆေးရုံ ဆရာဝန်ကြီးကတော့ သူတို့ကို စိတ်ချရတဲ့ အထိ စောင့်လျှောက်မှုတွေ ဆက်လက် ဆောင်ရွက်ပေးဦးမှာဖြစ်တယ်လို့ ဆိုပါတယ်။

အသင်းသားတွေက သူတို့ကို အနီးကပ် စောင့်လျှောက်ပေးခဲ့တဲ့ ဆေးရုံက ဆရာဝန်တွေနဲ့ သူနာပြုတွေအပေါ် သံယောဇဉ် ဖြစ်ခဲ့ကြပါတယ်။

ရုပ်သံ - PR Department

Recommended