သြဇာအရှိန်အဝါနဲ့ ပိုမိုထင်ရှားလာတဲ့ မိုင်းဖုန်းဆရာတော် ဧရာဝတီ၊ ဇူလိုင် ၃၀၊ ၂၀၁၈မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တ ဉာဏသံဝရ ဟာ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ ထမ့်လုံလှိုဏ်ဂ
  • 6 years ago
သြဇာအရှိန်အဝါနဲ့ ပိုမိုထင်ရှားလာတဲ့ မိုင်းဖုန်းဆရာတော်

ဧရာဝတီ၊ ဇူလိုင် ၃၀၊ ၂၀၁၈

မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တ ဉာဏသံဝရ ဟာ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ ထမ့်လုံလှိုဏ်ဂူထဲက တောဝက် အသင်းသားတွေ အသက်ရှင်လျှက်လွတ်မြောက်လာလိမ့်မယ်လို့ ကြိုတင်မိန့်ကြားပြီးတဲ့နောက်ပိုင်းမှာ ဆရာတော်ရဲ့ သြဇာအရှိန်အဝါဟာ ပိုမိုကြီးမားလာနေပါတယ်။

တောဝက် အသင်းသားတွေ လွတ်လာပြီးတဲ့နောက်ပိုင်းမှာ တာချီလိတ်မြို့နယ် မိုင်းဖုန်းကျေးရွာ အနီးမှာရှိတဲ့ ဆရာတော်ရဲ့ သာသနာ့နယ်မြေထဲကို မြန်မာ နိုင်ငံသားတွေအပြင် ထိုင်းနဲ့ လာအိုနိုင်ငံသားတွေလည်း နယ်စပ်ဖြတ်ကျော်ပြီး တကူးတက လာရောက် ဖူးမျှော်နေကြတာတွေ့ရပါတယ်။

အခုဆိုရင် ရှမ်းပြည်နယ်အစိုးရကလည်း မိုင်းဖုန်းဆရာတော်ရဲ့ သာသနာ့နယ်မြေ အပါအဝင် ရွှေတြိဂံ ဒေသနဲ့ ရှမ်းပြည်နယ် အရှေ့ပိုင်းကို ပြည်တွင်း၊ ပြည်ပ ခရီးသွားတွေ ဝင်ရောက် လည်ပတ်နိုင်ဖို့ ပြင်ဆင်နေပါတယ်။

ဒါကြောင့် ဧရာဝတီ အဖွဲ့သားတွေက မိုင်းဖုန်းဆရာတော်ရဲ့ သာသနာ့ နယ်မြေကို သွားရောက်ပြီး ဆရာတော့ အကြောင်းကို ပြန်လည် တင်ပြလိုက်ပါတယ်။

ရိုက်ကူး၊ တည်းဖြတ် - အောင်မိုးမြင့်
Recommended