အောက်တိုဘာလ (၂) ရက်နေ့နံနက်ပိုင်း သတင်းအစီအစဉ် (နံနက် ၇ နာရီခွဲ တိုက်ရိုက်ထုတ်လွှင့်မှု)■ လူမျိုးသုဉ်းသတ်ဖြတ်နေသည်ဟု ကမ္ဘာ့နိုင်ငံအချို့မှ စွပ်စွဲပြောဆိုချက်များ

  • 6 years ago
အောက်တိုဘာလ (၂) ရက်နေ့နံနက်ပိုင်း သတင်းအစီအစဉ် (နံနက် ၇ နာရီခွဲ တိုက်ရိုက်ထုတ်လွှင့်မှု)

■ လူမျိုးသုဉ်းသတ်ဖြတ်နေသည်ဟု ကမ္ဘာ့နိုင်ငံအချို့မှ စွပ်စွဲပြောဆိုချက်များကို ကန့်ကွက်ရန် အပါအ၀င် အချက် သုံးချက်ကိုရခိုင်ပြည်နယ်အနှံ့ တစ်ပြိုင်နက် ကန့်ကွက်ဆန္ဒထုတ်ဖော်ရန် စီစဉ်

■ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဧရိယာတွင် ထုတ်ပြန်ထားသည့် ပုဒ်မ(၁၄၄)အမိန့်ပြန်လည် ရုတ်သိမ်းပေးရန် လိုအပ်ဟုဆို

■ မောင်တောမြို့နယ် မြဇင်ကျေးရွာရှိ မီးလောင်ထားသော နေအိမ်ခြံဝင်းအတွင်းမှ လက်လုပ်မိုင်းများ ရှာဖွေတွေ့ရှိ

■ မျိုးသုန်းရန်နီးကပ်နေသာ ဟိမဝန္တာဝက်ဝံများကို တရုတ်နိုင်ငံသို့ တရားမဝင်တင်ပို့ရောင်းချမှု မြင့်မားနေသဖြင့် ကာကွယ်စောင့်ရှောက်ရန် အရေးတကြီး လိုအပ်နေဟုဆို

■ အင်းတော်မြို့နယ် မန်ဖာကျေးရွာအနီးတွင် တရားမဝင်သစ်စက်(၂)လုံးနှင့်အတူ ကျွန်းသစ်လုံး (၅၇)လုံးအားပိုင်ရှင်မဲ့ ဖမ်းမိ

■ ရခိုင်ပြည်နယ်အရေးကြောင့် IS အဖွဲ့အနေဖြင့် အရှေ့တောင်အာရှတွင် ခြေကုပ်စခန်းရရှိသွားနိုင်သည်ဟု သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ပြောကြား

■ ပြင်သစ်နိုင်ငံမာဆေးလ်မြို့ ဘူတာရုံတွင် အစ္စလာမ်ဘာသာရေး အစွန်းရောက်သူတစ်ဦးကဓားနဲ့ တိုက်ခိုက်ခဲ့သဖြင့် အမျိုးသမီး ၂ ဦးသေဆုံး

■ ELN သူပုန်အဖွဲ့နှင့် ကိုလံဘီယာအစိုးရတပ်တို့ စတင်အပစ်အခတ်ရပ်စဲ

■ ကတ်တလန်ဒေသ လွတ်လပ်ရေးရယူရန် ဆန္ဒခံယူပွဲသို့ လာရောက်မဲပေးသူများအား ရဲတပ်ဖွဲ့က တားဆီးလူစုခွဲရန် ကြိုးစားရာမှ အပြန်အလှန် တိုက်ခိုက်မှုများ ဖြစ်ပေါ်

■ တနင်္ဂနွေည ပရီးမီးယားလိဂ်ပွဲစဉ်များတွင် အဲဗာတန်နှင့် လီဗာပူးလ်တို့ နိုင်ပွဲပျောက်ခဲ့ပြီး အာဆင်နယ်နှစ်ပွဲဆက် အနိုင်ရခဲ့

Recommended