နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကာလတူချင်းနှိုင်းယှဉ်ချက် ကန်ဒေါ်လာ သုံးဘီလီယံအထိ တိုးလာ

  • 7 years ago
ပြည်ပက လာရောက်ရင်းနှီးမြှုပ်နှံတဲ့ ပမာဏဟာ ဧပရယ်ကနေ စက်တင်ဘာအထိ ခြောက်လအတွင်းရင်းနှီးမြှုပ်နှံမှု ပမာဏဟာ မနှစ်က ခြောက်လတာကာလနဲ့ယှဉ်ရင် အမေရိကန် ဒေါ်လာသုံးဘီလီယံအထိ မြင့်တက်လာပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၅ ရက်က ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ရဲ့ ၂၀၁၇ ခုနှစ်အတွင်း ၁၃ ကြိမ်မြောက် အစည်းအဝေးမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၉ ခုကို ခွင့်ပြုပေးခဲ့တယ်လို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ထုတ်ပြန်ချက် အရ သိရပါတယ်။

အဲ့ဒီ ခွင့်ပြုလိုက်တဲ့ ၉ ခုထဲမှာ မြန်မာနိုင် ရင်းနှီးမြှုပ်နှံမှု ဥပဒေ (၂၀၁၆) အရ ခွင့်ပြုမိန့် ထုတ်ပေးခဲ့တဲ့ လုပ်ငန်း ၄ ခုနဲ့ အတည်ပြုမိန့် ထုတ်ပေးခဲ့တဲ့ လုပ်ငန်း ၅ ခု ရှိတယ်လို့ သိရပါတယ်။

Recommended