ကန်ဒေါ်လာ ၂၁၇ သန်းကျော် တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေ ကို ဖျက်ဆီး

  • 7 years ago
အခုနှစ် မူးယစ်ဆေးဝါး ဖမ်းဆီးရရှိမှုဟာ စံချိန်တင်မြှင့်တက်ခဲ့ပြီး မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးမှုဟာလည်း မနှစ်ကထက် အဆ လေးဆယ်ကျော်ပိုများလာတယ်လို့ သိရပါတယ်။ ဒီကနေ့ ဇွန်လ ၂၆ ရက် ဟာ အကြိမ် ၃၀ မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ ဖြစ်ပြီး ဖမ်းဆီးရမိထားတဲ့ မူးယစ်ဆေးဝါးတွေ မီးရှို့ဖျက်ဆီးတာကို ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ် အတွင်းက ကုန်တင်ကားကြီးများ ရပ်နားကွင်းမှာ ပြုလုပ်ခဲ့ပါတယ်။

ဒီကနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့မှာ ရန်ကုန်၊ မန္တလေးနဲ့ ရှမ်းပြည်နယ် တောင်ကြီးမြို့ နေရာသုံးခုမှာ မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးပွဲကို တချိန်ထဲ ကျင်းပခဲ့တယ်လို့သိရပါတယ်။

ရန်ကုန်မှာ မီးရှို့ဖျက်ဆီးတဲ့ မူးယစ်ဆေးဝါးတွေကတော့ ရန်ကုန်၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်တို့အတွင်းမှာ ဖမ်းမိတာတွေနဲ့ အမြန်လမ်းရဲတပ်ဖွဲ့၊ နယ်ခြားစောင့်တပ်တွေ ဖမ်းဆီးရမိထားတဲ့ မူးယစ်ဆေးဝါးတွေ ဖြစ်တယ်လို့ သိရပါတယ်။ ဒီကနေ့ မီးရှို့ဖျက်ဆီးခဲ့တဲ့ မူးယစ်ဆေးဝါးတန်ဖိုးမှာ စုစုပေါင်း ကျပ်ငွေ ၂၉၆ ဒသမ ၄ ဘီလီယံ၊ အမေရိကန် ဒေါ်လာတန်ဖိုးအားဖြင့်ဒီကနေ့ ကာလပေါက်ဈေး ၂၁၇ ဒသမ ၉၄ သန်း တန်ဖိုးရှိတယ်လို့ သိရပါတယ်။


ရုပ်သံ သတင်းထောက်- အလှလေး သူဇာ

Recommended