ဟိန္ဒူဘာသာဝင်တွေရဲ့ ရုပ်အလောင်း ၄၅ လောင်း တွေ့ရှိပြီလို့ အစိုးရက သတင်းထုတ်ပြန်

  • 7 years ago
အကြမ်းဖက်သမားတွေရဲ့ ဖမ်းဆီး ခံခဲ့ရတဲ့ ဟိန္ဒူဘာသာဝင်တွေကို ရှာဖွေမှု မှာ နှစ်ရက်အတွင်း အလောင်း ၄၅လောင်းတွေ့ခဲ့ရပြီး ဟိန္ဒူဘာသာ ဓလေ့ထုံးစံနဲ့ သဂြိုလ်နိုင်ဖို့ ဆောင်ရွက်ပေးသွားမယ်လို့ အစိုးရက သတင်းထုတ်ပြန်ခဲ့ပါတယ်။

အကြမ်းဖက်တိုက်ခိုက်မှုကို ကြုံခဲ့ရပြီး ထွက်ပြေးလွတ်မြောက်ခဲ့တဲ့ ဟိန္ဒူဘာသာဝင်တွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပျောက်ဆုံးနေသူတွေကို စက်တင်ဘာ ၂၄ရက်နေ့က မောင်တောမြို့နယ် ရဲဘောက်ကျကျေးရွာအနီးမှာ ရှာဖွေစဉ် တွေ့ခဲ့တာဖြစ်ပြီး အဲ့ဒီ့နေ့မှာ ဟိန္ဒူဘာသာဝင် ၂၈ ဦး ရဲ့ ရုပ်အလောင်းတွေ တူးဖော်ရရှိခဲ့ပြီး စက်တင်ဘာ ၂၅ရက်နေ့မှာတော့ ရုပ်အလောင်း ၁၇လောင်း ထပ်မံတွေ့ရှိထားခဲ့တာဖြစ်ပါတယ်။

ရုပ်အလောင်းတွေကို စစ်ဆေးခဲ့ရာမှာ မျက်နှာကို အ၀တ်စည်းပြီး လက်ပြန်ကြိုးတုပ် လည်ပင်းလှီးကာ အသတ်ခံထားရခြင်းဖြစ်ပြီး ရုပ်အလောင်းတွေ တူးဖော်ရာကို ရောက်ရှိနေတဲ့ မိသားစု ၀င်တွေရဲ့ အတည်ပြုချက်တွေအရ ပျောက်ဆုံးနေတဲ့ ဟိန္ဒူဘာသာဝင်တွေ ဖြစ်ကြောင်း သိရပါတယ်။သတ်ဖြတ်မှုတွေ အတွက် အမှုဖွင့် အရေးယူမှာ ဖြစ်တယ်လို့လဲ သိရပါတယ်။

လူမှုဝန်ထမ်း ကယ်ဆယ်ရေး နဲ့ ပြန်လည်နေရာချထားရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး နဲ့ လုံခြုံရေးတာဝန်ရှိသူတွေ ဟာ သေဆုံးသူတစ်ဦးချင်းစီအတွက်မိသားစုဝင်တွေကို ထောက်ပံ့ကြေးပေးအပ်ခဲ့ကြောင်းလည်း သိရပါတယ်။

ရုပ်သံသတင်းထောက်-မြတ်သီဟမောင်

Recommended