ပယ်မဲ မဖြစ်ဖို့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် မဲဆန္ဒရှင်များသို့ မဲပေးနည်း သရုပ်ပြ သင်ကြား

  • 7 years ago
တံဆိပ်တုံးနှိပ်နည်းကို ရုပ်သံဖိုင်တွင် ကိုယ်တိုင် နှိပ်ပြလျက် "တံဆိပ်တုံး နှိပ်ဖို့ရာ လွယ်လွယ်လေးနည်းရှိပါတယ် ကိုယ်နှိပ်မယ့်အကွက် ကိုယ်နှိပ်မယ့် အကွက်ဆိုတာ ကြယ်ဖြူကြီးနဲ့ ခွပ်ဒေါင်း တံဆိပါတဲ့ အကွက်ပေါ့နော်။ အဲဒီအကွက်ကို တံဆိပ်တုံး ချလိုက်ပြီးတော့ နှိပ်ချလိုက်ပါ အဲ့လိုဆိုရင် ဘာမှ လွဲစရာ အကြောင်း မရှိပါဘူး။ လွယ်လည်း လွယ်ပါတယ်။ နှစ်ခါ ပြန်မလုပ်နဲ့နော် နှစ်ခါဆိုရင် ပယ်မဲ ဖြစ်သွားမယ်။ နေရာ မှားသွားလို့ နောက်တစ်ခါ ပြန်နှိပ်ရင်လည်း မရပါပါဘူး။ မဲစာရွက် နောက်တစ်ခု ပြန်တောင်းရပါမယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က သင်ကြားပေးထားသည်။

Recommended