၂၀၂၀ မှာရော မျှော်မှန်းထားတဲ့ ခရီးသည် ၇ သန်း ပြည့်မှီနိုင်ပါ့မလား

  • 7 years ago
ပွင့်သစ်စ မြန်မာ့စီးပွားရေးရဲ့ အရေးပါတဲ့ အခန်းကဏ္ဍကနေ တိုးတက်မှုအလားအလာရှိတဲ့ ခရီးသွား လုပ်ငန်းအကြောင်းကို ဆက်ချင်ပါတယ်။ ၂၀၁၁ ခုနှစ်ကနေ စပြီး မြန်မာ့ခရီးသွားကဏ္ဍ ပြည်ပခရီးသည် ၀င်ရောက်မှုကို ပြန်ကြည့်ရင် နှစ်စဉ် ၁သန်းစီ တိုးပြီး နိုင်ငံခြားခရီးသွားတွေ တိုင်းပြည်ထဲကို ၀င်ထွက်လာကြတာရှိပါတယ်။ အစိုးရရဲ့ ကိန်းကဏန်းတွေမှာ ဆိုရင်လည်း အရင် ၅ နှစ်အတွင်း ခရီးသွားဝင်ရောက်မှု ၁၀၀ ရာခိုင်နှုန်းအထိ တိုးတက်ခဲ့တယ်လို့ မြင်တွေ့ရမှာဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် ထဲမှာဆို နိုင်ငံခြားခရီးသည် ၀င်ရောက်မှုက ၄.၆၈ သန်းရှိခဲ့တာပါ။ ဒါပေမယ့် အစိုးရသစ်တက်လာတဲ့ ၂၀၁၆ ခုနှစ်ထဲမှာ နိုင်ငံခြားခရီးသည်ဝင်ရောက်မှုကို ၆ သန်းမျှော်မှန်းခဲ့ပေမယ့် ၃.၈ သန်းပဲ ၀င်ရောက်ခဲ့တာဖြစ်ပါတယ်။ ဒါဟာ ၃၈ ရာခိုင်နှုန်းကျဆင်းခဲ့တယ်လို့ ခရီးသွားကဏ္ဍ လုပ်ငန်းရှင်တွေက ပြောပါတယ်။ သတင်းအပြည့်အစုံကိုတော့ မရှုမ၀အောင်က တင်ဆက်ပေးထားပါတယ်။

Recommended