ခေတ်မီပြည်သူ့ဘဏ္ဍာရေးစီမံမှုအတွက် ကန် ဒေါ်လာ သန်း ၅၀ သုံးခွင့်ရပြီ

  • 7 years ago
နိုင်ငံရဲ့ ဘဏ္ဍာရေးစနစ်တစ်ခုလုံးကောင်းမွန်ဖို့အတွက် ခေတ်မီပြည်သူ့ဘဏ္ဍာရေးစီမံကွပ်ကဲရေးလုပ်ငန်း အတွက် အမေရိကန်ဒေါ်လာသန်း(၅၀)အသုံးပြုဖို့ ခွင့်ပြုချက်တွေရရှိထားပြီးဖြစ်လို့ ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်းစဉ်(၅)ခုမှာ (၅)နှစ်တာစီမံကိန်းအဖြစ်လုပ်ကိုင်သွားမှာဖြစ်တယ်လို့ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်နိုင်က ပြောဆိုထားပါတယ်။
အစိုးရသစ်တက်လာတဲ့ အချိန်(၃)နှစ်အတွင်း လိုအပ်ချက်တွေရှိနေတဲ့ ဘဏ္ဍာရေးစီမံရေးလုပ်ဆောင်ချက်တွေမှာ အထောက်အပံ့ပေးနိုင်မယ့်လုပ်ငန်းစဉ်တွေအတွက် ဘဏ္ဍာရေးဝန်ကြီးဌာနက ကမ္ဘာ့ဘဏ်ကိုအကူအညီတောင်းထားခဲ့ပြီး ဒီအတွက် အခွန်ကြီးကြပ်ရေးလုပ်ငန်း၊ ဘတ်ဂျက်ရေးဆွဲအကောင်အထည်ဖော်တဲ့လုပ်ငန်းနဲ့ လုပ်ငန်းစွမ်းရည်အရေ အသွေးမြှင့်တင်ရေးစတဲ့လုပ်ငန်းတွေမှာ ဒီအမေရိကန်ဒေါ်လာသန်း(၅၀)ကို အသုံးပြုသွားမှာဖြစ်တယ်လို့ ဦးဇော်နိုင် ကပြောပြထားပါတယ်။
အခုအကောင်အထည်ဖော်သွားမယ့် ခေတ်မီပြည်သူ့ဘဏ္ဍာရေးစီမံကွပ်ကဲရေးလုပ်ငန်းကို ကမ္ဘာဘဏ်ရဲ့ ချေးငွေ အမေရိကန်ဒေါ်လာသန်း(၃၀)နဲ့ ဗြိတိန်နဲ့ သြစတေးလျရန်ပုံငွေထောက်ပံ့ငွေ အမေရိကန်ဒေါ်လာသန်း(၂၀)တို့ကိုအသုံးပြု သွားမှာဖြစ်ပါတယ်။

Recommended