၅နှစ်အတွင်း အသေးစားငွေကြေးဝန်ဆောင်မှုအဖြစ် ကန်ဒေါ်လာ သန်း၁၀၀ ရင်းနှီးမည်ဟု ဒေါက်တာစိုင်းဆို

  • 7 years ago
၅နှစ်အတွင်း အသေးစားငွေကြေးကဏ္ဍရင်းနှီးမြှုပ်နှံမှုအဖြစ် အမေရိကန်ဒေါ်လာသန်း ၁၀၀ ကို သုံးစွဲသွားမယ်လို့ မြန်မာပတ္တမြားမြေ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းရဲ့ ညွှန်ကြားရေးမှူးတာဝန်ယူထားသူ ဒေါက်တာစိုင်းဆမ်ထွန်းက ပြောပါတယ်။
နိုင်ငံ့ရဲ့ အကြီးဆုံးရေသန့်နဲ့ အချိုရည်ထုတ်လုပ်သူ အဆာဟိ လွယ်ဟိန်းကုမ္ပဏီရဲ့ ဥက္ကဌလည်း ဖြစ်သူ ဒေါက်တာစိုင်းဆမ် ထွန်းက အရင်ဆုံး သူ့ရဲ့ ကိုယ်ပိုင်ငွေ ကန်ဒေါ်လာ ၅ သန်းကို ရင်းနှီးသုံးစွဲသွားမှာဖြစ်ပြီး လိုအပ်လာမယ့်ငွေတွေကိုတော့ ဘဏ်ကနေ ချေးယူမယ်လို့ ပြောပါတယ်။
လက်ရှိအချိန်မှာတော့ ပတ္တမြားမြေ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းကို ရန်ကုန်တိုင်း မြို့နယ် ၁၀ မြို့နယ်မှာ လုပ်ငန်းလည် ပတ်ခွင့်ပေးထားတာဖြစ်ပြီး နောက်ပိုင်းမှာ မန္တလေးဘက်မှာပါ တိုးချဲ့ဝန်ဆောင်မှုပေးသွားမယ်လို့ သိရပါတယ်။ ပတ္တမြားမြေငွေကြေးဝန်ဆောင်မှုလုပ်ငန်းအနေနဲ့ အင်္ဂလန်က ကုမ္ပဏီကြီးတစ်ခုနဲ့ ပူးပေါင်းလုပ်ကိုင်သွားဖို့ နီးစပ်နေပြီး ကုမ္ပဏီနာမည်ကိုတော့ ဒေါက်တာစိုင်းဆမ်ထွန်းက ထုတ်ဖော်ပြောဆိုထားခြင်းမရှိပါဘူး။

Recommended