DVB Debate:”We have to change bureaucracy mechanism like a combat”

  • 8 years ago
အခုအပတ် ပြုလုပ်သွားခဲ့တဲ့ ဒီဗီဘီ ဒီဘိတ်ခေါင်းစဉ်ကတော့ မြန်မာနိုင်ငံရဲ့ရှုပ်ထွေးလှတဲ့ ဗျူရိုကရေစီယန္တရား
ကို ကောင်းမွန်အသက်ဝင်လာအောင် ဘယ်လိုလုပ်ဆောင်နိုင်မလဲ ဆိုတာနဲ့ဖြစ်ပါတယ်။ တော်လှန်ရေးကောင်စီလက်ထက်ကစပြီး တပ်မတော်အစိုးရလက်ထက်ထိ အမြစ်တွယ်လာခဲ့တဲ့ ဗဟိုဦးစီးစနစ်ရဲ့ရှုပ်ထွေးလွန်းတဲ့ဗျူရိုကရေစီယန္တရားကို ကောင်းမွန်အသက်ဝင်ဖို့ဆိုရင် အုပ်ချုပ်ရေးယန္တရားမှာ ပါဝင်နေသူအားလုံးက သူတို့အလုပ် သူတို့ စ၊လယ်၊ဆုံး တတ်သိနားလည်နေဖို့လိုတယ်လို့ စီးပွားရေးပညာရှင်
ဦးအေးလွင်က အခိုင်အမာပြောဆိုပါတယ်။ ဒါကို အဓိကဆွေးနွေးသူဖြစ်တဲ့ ဒေါ်ချောခင်ခင်ကတော့ ပြုပြင်ပြောင်းလဲရေးအလုပ်တွေကို စစ်တိုက်သလိုလုပ်မှရမယ်လို့ ဆိုပါတယ်။
၂၀၁၁ မှာတက်လာတဲ့ သမ္မတ ဦးသိန်းစိန်အစိုးရလက်ထပ်မှာတော့ ကောင်းမွန်တဲ့အုပ်ချုပ်ရေး ၊
သန့်ရှင်းတဲ့အစိုးရဖြစ်အောင်လုပ်ဆောင်သွားမယ်ဆိုတဲ့ ကတိစကားတွေနဲ့ အတူ ကြိုးနီစနစ်ကိုတွေကို လျှော့ချဖို့ကြိုးစားခဲ့ပေမယ့် ဌာနအတော်များများမှာအောင်မြင်စွာလျှော့ချနိုင်ခြင်းမရှိခဲ့တာကိုတွေရပါတယ်။
ဒါနဲ့ပတ်သတ်ပြီး E government ဖြစ်လာဖို့ အစိုးရဲ့ဆောင်ရွက်ချက်အပေါ်မှာလည်း ဆွေးနွေးခဲ့ကြပါတယ်။
အထူးဧည့်သည်အနေနဲ့ဝင်ရောက်ဆွေးနွေးတဲ့ ချင်းတိုးတက်ရေးပါတီ အထွေအထွေအတွင်းရေးမှူး ဦးရှိန်းထွန်း
ကတော့ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ စွက်ဖက်မှုတွေကို လျှော့ချပစ်ရမယ်လို့ ဆိုပါ
တယ်။