လူကုန်ကူးခံရမှု၊ လူအခွင့်အရေး ချိုးဖောက်မှုများကို ထိထိရောက်ရောက် အရေးယူရန် တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်

  • 4 years ago
လူကုန်ကူးခံရမှု၊ လူအခွင့်အရေး ချိုးဖောက်မှုများကို ထိထိရောက်ရောက် အရေးယူရန် တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်
*************************
ကျားဖောင်တွင်အလုပ်လုပ်ရန် လူကုန်ကူးခြင်းကို တွေ့ ကြုံခံစားခဲ့ရသည့် ရန်ကုန်ပြည့်သူဆေးရုံကြီးမှ အထွေထွေလုပ်သား မောင်ဆန်းဦး၏ ဖခင်ဖြစ်သူ ဦးမိုးသူသည် ဒီဇင်ဘာလ(၁၁)ရက်နေ့က ယင်း၏ သားဖြစ်သူနှင့်အတူ လမ်းမတော်မြို့နယ်(၉)လမ်းမှ မင်္ဂလာတောင်ညွန့်မြို့နယ်အထိ တစ်ကိုယ်တော် လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့သည်။

ကာလရှည်ကြာ ဖြစ်ပွားနေခဲ့သည့် ကျားဖောင်လုပ်သားများအပေါ် လူအခွင့်အရေးချိုးဖောက်မှု၊ လူကုန်ကူးခံရမှုများကို လူအများသိလာပြီးနောက်ပိုင်းတွင် မြန်မာနိုင်ငံ လူအခွင့်အရေး ကော်မရှင်နှင့် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လာသော်လည်း လက်ရှိတွင် အပြစ်ပေး၊အရေးယူခြင်း မရှိသောကြောင့် ယခုကဲ့သို့ ဆန္ဒဖော်ထုတ်ရခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။
ရိုက်ကူး/တည်းဖြတ် - ဆုမြတ်မေဇော်
(zawgyi)
လူကုန္ကူးခံရမႈ၊ လူအခြင့္အေရး ခ်ိဳးေဖာက္မႈမ်ားကို ထိထိေရာက္ေရာက္ အေရးယူရန္ တစ္ကိုယ္ေတာ္ ဆႏၵထုတ္ေဖာ္
*************************
က်ားေဖာင္တြင္အလုပ္လုပ္ရန္ လူကုန္ကူးျခင္းကို ေတြ႕ ႀကဳံခံစားခဲ့ရသည့္ ရန္ကုန္ျပည့္သူေဆး႐ုံႀကီးမွ အေထြေထြလုပ္သား ေမာင္ဆန္းဦး၏ ဖခင္ျဖစ္သူ ဦးမိုးသူသည္ ဒီဇင္ဘာလ(၁၁)ရက္ေန႔က ယင္း၏ သားျဖစ္သူႏွင့္အတူ လမ္းမေတာ္ၿမိဳ႕နယ္(၉)လမ္းမွ မဂၤလာေတာင္ၫြန႔္ၿမိဳ႕နယ္အထိ တစ္ကိုယ္ေတာ္ လမ္းေလွ်ာက္ ဆႏၵထုတ္ေဖာ္ခဲ့သည္။

ကာလရွည္ၾကာ ျဖစ္ပြားေနခဲ့သည့္ က်ားေဖာင္လုပ္သားမ်ားအေပၚ လူအခြင့္အေရးခ်ိဳးေဖာက္မႈ၊ လူကုန္ကူးခံရမႈမ်ားကို လူအမ်ားသိလာၿပီးေနာက္ပိုင္းတြင္ ျမန္မာႏိုင္ငံ လူအခြင့္အေရး ေကာ္မရွင္ႏွင့္ ရဲတပ္ဖြဲ႕က စုံစမ္းစစ္ေဆးမႈမ်ား ျပဳလုပ္လာေသာ္လည္း လက္ရွိတြင္ အျပစ္ေပး၊အေရးယူျခင္း မရွိေသာေၾကာင့္ ယခုကဲ့သို႔ ဆႏၵေဖာ္ထုတ္ရျခင္း ျဖစ္ေၾကာင္း ၎ကဆိုသည္။
႐ိုက္ကူး/တည္းျဖတ္ - ဆုျမတ္ေမေဇာ္

Recommended